တကယ်တော့ သူ့အနားသို့Sehun ရောက်ရှိလာတာ လနှင့်ချီ၍ ရှိလာပြီဖြစ်ပြီး တစတစ ပိုနီးကပ်လာ သော်လည်း (သို့မဟုတ် နီးကပ်လာသည်ဟုထင်ရသော်လည်း) Sehun နဲ့ပတ်သက်၍ Luhan ဘာကိုမှ များများစားစား မသိသေးကြောင်း တွေးမိ သည့်အခါ သူ့စိတ်တို့လေးလံသွားရလေသည်။
သူသိထားသော အကြောင်းအရာ အနည်းငယ်ကလေးမှာလည်း ကော်ဖီမကြိုက်သော Sehun၊ ကလေးငိုသံ မကြိုက်သော Sehun။ ထို့နောက် လုပ်ချင်ရာလုပ်တတ်သော Sehunဟူ၍သာ ရှိသည်။ သူ့ဖက်ကလည်း Sehun ကိုဘာမှသိပ်အသိမပေးခဲ့။ ယုတ်ဆွအဆုံး မွေးနေ့ချင်းပင်သိခဲ့ကြတာမဟုတ်။ သို့သော် အလိုရှိလျင် အရာရာ စုံစမ်းနိုင်စွမ်းရှိသော Sehun သူ့အကြောင်းဘယ်လောက်ထိသိထား မလဲဟု ပူပန်ရတာကိုက အလုပ် တစ်ခုဖြစ်နေပြီ။ အသိမပေးကြ တာချင်းတူတူတောင်မှ Sehun ကသူ့အတိတ်အကြောင်းအရာ တွေကို သိနေ ပြီး သူကတော့...။
တိုက်ဆိုင်သည်လားမပြောတတ်။ ထိုသို့တွေးပြီး နောက်တစ်နေ့ တွင်ပင် သူ့မိသားစုအကြောင်း Sehun တစ်စွန်းတစ်စ သိသွားခဲ့ ပြန်လေသည်။
အဲဒီနေ့က Northern Limit line ဆိုသော စစ်ကားတစ်ကားကို Sehun ကယူလာပြီး သူ့အိမ်တွင်ပင် တူတူ ကြည့်ကြသည်။ မြောက်ကိုရီးယားနယ်စပ်လိုင်းသို့ ကျော်သွားသော ကိုရီးယား ရေတပ်သင်္ဘော အကြောင်း ရိုက်ထားသော စစ်ကားပဲဖြစ်သည်။ ကြာလာတော့လည်း ဇာတ်လမ်းကိုဇာတ်လမ်းကဲ့သို့ သူမြင်နိုင်လာ ပါသည်။ အရင့်အရင် အပတ်တွေက ကြည့်ဖူးသော Pearl Harbor အကြောင်းကိုတော့သူကော Sehun ကော စကားပင်မဟဖြစ်ကြ တော့ပါ။
မေ့ပစ်သင့်သည့်အရာကို မေ့ပစ်ဖို့ကြိုးစားပေးရင်း အသစ် အသစ် သောအကြောင်းအရာတို့ကိုသာ လက်ခံနိုင် အောင်ကြိုးစားရဦးမည်။တုံဏှိဘာဝေဖြင့် သူစစ်ပွဲအနိဌာရုံတွေကို ထိုင်ကြည့်ဖြစ်တုန်းမှာ Sehun ကတော့ သိသိသာသာကို ခံစားချက်ပြင်းထန်နေသည်။
"တောက်.. မြောက်ကိုရီးယားကောင်တွေ"
တခါတလေလည်း ပါးစပ်ကအဆဲစကားလေးတွေထွက်ထွက် လာ တတ်ပြီးသူကပဲ မသိချင်ယောင်ဆောင် ပေးလိုက်ပါသည်။ တစ်နည်း အားဖြင့် Sehun စိတ်လွတ်လပ်နေသည်ကို ကြည့်ရင်း သူလည်း ပျော်ပါသည်။ ဇာတ်ကားအရှိန်တက်လာလေ Sehun က ဒေါသထွက်လေ (တောင်ကိုရီးယားသင်္ဘောတွေ အပစ်ခံရပြီ ဖြစ် သောကြောင့်)
YOU ARE READING
Colors of the Wind [EXO Fanfiction]
Fanfictionလေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော့ unpublished လုပ်ခဲ့ပြီး အခုတော့ စာအုပ်ဗားရှင်းကို အစအဆုံးတင်ဖြစ်ပါတယ်။ အမှတ်တရအဖြစ်ရ ဆုံး ကိုယ့်အရ...