စကားတစ်ခွန်းဟာ အရာရာကိုတိတ်ဆိတ်ငြိမ်သက် ကွဲကြေစေနိုင် ပါသလား။
"ကျွန်တော် သူ့ကိုချစ်တယ် Luhan"
ချစ်သူရဲ့နှုတ်ထွက်စကားက သူ ဆိုသောနာမ်စား ဟာ ကိုယ့်ကို ရည်ညွှန်းတာမဟုတ်တဲ့အခါ ကမ္ဘာကြီးဟာ နောက်ထပ် ဘယ်နှဒီဂရီများ တိမ်းစောင်းပါသွားသလဲ။ Luhan သည်ဘာကိုမှမတုံ့ပြန်နိုင်တော့ပဲ ထိုင်ကျ သွားမိသည်။ အဓိကကတော့သူ့ခြေထောက်တွေက မတ်တပ်ရပ်နေဖို့ထိ အားအင်မရှိတော့တာဖြစ်မည်။ Sehun ရဲ့သက်ပြင်းချသံတစ်ချက်နဲ့ အသက်ရှူသံပြင်းပြင်းကို သူ ကြားနေရသည်။ သို့သော် သူ့နားထဲပို ကျယ်လောင်စွာကြားယောင် နေရသည်မှာ ခုနကစကားတစ်ခွန်းသာဖြစ်သည်။ Sehun ကသူ့ လက်ကိုဆွဲထူ ဖို့လုပ်ပြီးမှ လွယ်အိတ်ကိုပစ်ချကာ ကြမ်းပြင်မှာ လိုက်ထိုင်ချလိုက်၏။
"Hyung မေးလိုက်တာလေ။ ကျွန်တော် Hyung ကိုပြန်ဖြေရုံ သက်သက်ပါ"
သူမော့ကြည့်တော့ Hun ကသူ့ကို ခပ်ငေးငေးကြည့်နေသည်။ ထိုမျက်ဝန်းများက ခုနကလို စူးရဲမနေတော့ ပေမဲ့ အားနာမှု တစ်စုံတစ်ရာတော့မပါ။
*မင်း အဲဒီလူကိုချစ်ကြောင်း ကိုယ့်ကိုပြောပြရတာ နည်းနည်းလေး တောင် အားမနာဘူးလား Hun*
"အဲ့ဒါကို Hyung ဒီလောက် ခံစားသွားရလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ဘူး"
သူဘာမှမတုံ့ပြန်နိုင်။ ဒီအချိန်တွေမြန်မြန်ဖြတ်ကျော် လိုက်ဖို့ ဆုတောင်းနေမိသည်။
"ကျွန်တော့်ကိုကြည့်စမ်းပါ Hyung။ ခင်ဗျား စမေး ကထဲက ဖြစ်နိုင်ခြေတွေကို စဉ်းစားထားရမယ်လေ။ ခင်ဗျား ရင်မဆိုင်နိုင်ပဲနဲ့ ဘာဖြစ်လို့များမေးလိုက်တာလဲဟင်"
"ဘာဖြစ်လို့လဲ ဟုတ်လား Oh Sehun! မင်း ကိုယ်ဘာဖြစ်လို့မေးရ လဲ ဆိုတာကို တကယ်မသိတာလား"
Sehun ကဆံပင်တစ်ချက်သပ်လိုက်ရင်း
"ခင်ဗျား သဝန်တိုနေတာ။ ကျွန်တော် အဲဒီလူကို ခင်ဗျား ထက်ပို ချစ်နေလား ဆိုပြီး ကြောက်ရွံ့နေတာ Luhan ကျွန်တော် အဲဒီလို ပြောမှရမှာလား"
သူပိုနာကျင်သွားရပြီး မျက်နှာလွှဲလိုက်မိသည်။ Hunပြောတာ မှားမှမမှားပဲ။
ESTÁS LEYENDO
Colors of the Wind [EXO Fanfiction]
Fanficလေပြည်ရဲ့ရောင်စဉ်အားလုံးကို သိရှိနိုင်ဖို့က လွယ်ကူပါ့မလား။ (၂၀၁၅ တုန်းကတင်ခဲ့တဲ့ Fanfiction ပါ။ စာအုပ်အဖြစ်လည်းထွက်ခဲ့ပြီးပါပြီ။ ၂၀၁၅ ဗားရှင်းကိုတော့ unpublished လုပ်ခဲ့ပြီး အခုတော့ စာအုပ်ဗားရှင်းကို အစအဆုံးတင်ဖြစ်ပါတယ်။ အမှတ်တရအဖြစ်ရ ဆုံး ကိုယ့်အရ...