26

54 7 1
                                    

"အဓိပ္ပာယ်မရှိတာကွာ Han ပျောက်နေတဲ့အချိန်မှာတောင် အဲဒီ ကောင်လေးက ဖုန်းကိုင်လို့မရဘူး ဆိုတာ ဖြစ်သင့်လား။ သူ Han ပျောက်နေတာတောင်သိရဲ့လားပဲ။ အဲဒီလိုကောင်လေးမျိုးကို Han ကဘာလို့ ဒီလောက်တောင်ချစ်နေရတာလဲ"

Xing စိတ်ပူနေတာကိုကြည့်ပြီး Kris လည်းစိတ်ပူနေမိသည်။ Luhan ၏တိုက်ခန်းကို Xing ရောက်သွား ချိန်မှာ တံခါးခေါက် လို့ မရ၊ ဖုန်းလည်းမကိုင်။ နောက်ရက်ကျတော့ Xing က မသင်္ကာ ဖြစ် လာကာ တိုက်ခန်း CCTV ကိုစစ်ဆေးကြည့်ခဲ့သည်။ Luhanသည် ထိုညကထွက်သွားပြီးကထဲက ပြန်မလာသေး။ သို့သော် ယခုဆို လျင် Luhan နှင့်အဆက်အသွယ်မရတာ ၃ ရက်ကျော်ပြီ။ ပိုဆိုး သည်က Sehun ကိုပါဆက်သွယ်မရ။ ၂ ယောက် အတူရှိမနေနိုင် ဆိုတဲ့အတွေးကြောင့် Kris လည်းပိုစိတ်ပူလာမိသည်။

Yixing စိတ်တိုနေတာကိုလည်းနားလည်နိုင်သည်။

"Sehun အလုပ်ရှုပ်နေတာတို့ဘာတို့ဖြစ်မှာပါ။ Xing ပြီးတော့ Luhan ကလည်း ကလေးမှမဟုတ်တော့ပဲ"

"ကလေးတစ်ယောက်ဆိုရင်တောင် ငါဒီလောက်စိတ်ပူမှာ မဟုတ် ဘူး Kris။ Han က.. Han က အားလုံး ကိုအဆက်အသွယ်ဖြတ်ပြီး ၂ နှစ်ခွဲလောက် တစ်ယောက်ထဲနေနိုင်ခဲ့တဲ့သူ။ သူဘာတွေခံစားနေရ လဲ ဆိုတာကို ပြောမဲ့အစား ရှောင်ပြေးသွားတတ်တဲ့သူ။ မဖြစ် တော့ဘူး Kris ငါ အဲဒီကောင်လေးနဲ့တွေ့မှ ဖြစ်မယ်။ Han ကငါ့ကို စောင့်နေမယ်ပြောသွားတာပဲ။ ဒီတိုင်းပျောက်သွားစရာ အကြောင်း မှမရှိတာ"

Xing ခမျာလည်း ကိုရီးယားမှာအသိအကျွမ်းမရှိသည့်အပြင် Luhan အကြောင်းနည်းနည်းမှမသိ။ ရှာချင် ပါသည်ဆိုလျင်တောင် ဘယ်က စရှာရမလဲ မသိသည့်အဖြစ်။ Sehunနဲ့တွေ့ပြီး အဖြေရှာကြမယ်ဆို တော့လည်း သူ့မှာတားခွင့်မရှိ။

"အင်း Sehun နဲ့ဖုန်းရရင်တခါထဲချိန်းလိုက်ပေါ့။ ငါ Tao ကိုလည်း မေးကြည့်လိုက်ဦးမယ်။ သူကတော့ Luhan သွားတတ်တဲ့နေရာ နည်းနည်းပါးပါးသိလောက်မယ်"

"Tao ကဘယ်သူလဲ"

"Tao က Luhan ရဲ့သူငယ်ချင်းတစ်ယောက်ပဲ။ ပြီးတော့ ငါတာဝန် ယူပေးထားရတဲ့ ကလေး"

Xing ကသူ့ကိုတအံ့တသြကြည့်နေသည်။ သူဒီလိုပြောဆိုပုံကို မမြင်ဖူးလို့လည်း ပါမှာပေါ့။

Colors of the Wind [EXO Fanfiction]Onde histórias criam vida. Descubra agora