29

60 8 0
                                    

ဆိုးလ် မြို့ရဲ့ညကောင်းကင်မှာ တိမ်ဖုံးနေသောကြောင့် ကြယ်တွေ မှုန်ဝါးဝါးဖြစ်နေသည်။ လမိုက်ရက် မဟုတ်သော်လည်း လ ကို မမြင်ရပေ။

ပန်းခြံကလေး၏ Merry Go Round ကစားကွင်းရှေ့က ခုံတန်းမှာတော့ လူနှစ်ယောက်တိတ်ဆိတ်စွာထိုင်နေ ကြသည်။ တစ်ယောက်က ခေါင်းငုံ့ထားရင်း ကျန်တစ်ယောက်က အဲဒီငုံ့ထားသည့် မျက်နှာလေးကိုမယုံနိုင်စွာ ငေးကြည့်ရင်း။ စကားလုံးတွေလည်း ပျောက်ရှနေပုံရသည်။ ဒါဟာ စနောက်နေတာပါ လို့ ဆက်ကြားလိုက်ဖို့ကို Kris Wu ဘယ်လောက်မျှော်လင့်တောင့်တနေရလဲ။ သို့သော် ကလေးက ထိုစကားလေးပြောပြီး ခေါင်းငုံ့နေသည်။ မဖြစ်တော့ပါ။

"မင်း အိမ်ကအတင်းစီစဉ်တာလား။ ဒါမှမဟုတ်"

"အို .. ကျွန်တော့်မှာ ချစ်သူမရှိဘူးလေ!"

မေးခွန်းတောင်မဆုံးလိုက်။ ကလေးက ပျာပျာသလဲလဲ ဖြေတော့ သူ့ရင်ထဲမှာ ပူသွားရသည်။ သိပါတယ်.. ကိုယ်သိတာပေါ့...။

"မင်း စိတ်ညစ်နေမယ်ဆိုရင်ကိုယ်ဥက္ကဌကြီးကိုပြောပေးမယ်လေ။ အနည်းဆုံးတော့ မင်းကျောင်းပြီးမှ ဖြစ်ဖြစ်"

"မဖြစ်..မဖြစ်ပါဘူး Ge ရာ။ ဘိုးဘိုးကိုမပြောပါနဲ့။ စိတ်ညစ်တာ ရယ်လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုချည်နှောင်ခံလိုက်ရမှာ ကိုပဲ မကြိုက်တာပါ။ပြီးတော့ မိန်းကလေးက ကျွန်တော်နဲ့လည်း ငယ်ငယ်ကထဲကသူငယ်ချင်းပါ။"

"သြော်"

ငြင်းဆန်နေပေမဲ့ လက်သီးလေးဆုပ်ထားပြီး မျက်ရည်ဝဲနေတဲ့ ကလေးကို သူဘယ်လိုချော့ရမှာလဲ။ သူ့မှာဘယ်လိုအင်အားမျိုးကော ရှိသေးလို့လဲ။

"အဲဒီ ကောင်မလေးကို အိမ်ထောင်ဘက်အဖြစ်တခါမှ မမြင်ကြည့် မိဖူးလို့ပါ။ ဟဟ သူကလည်း ကျွန်တော့် ကို အဲဒီလိုစိတ်ကူး မှာ မဟုတ်ဘူးဗျ"

ရယ်သံက အသက်မပါ။

"မင်းသူနဲ့ စေ့စပ်ဖို့ လက်ခံလိုက်မယ်ပေါ့"

Tao က သူ့ကို မော့ကြည့်လိုက်ပြီးမှ

"ငြင်းစရာအကြောင်းမှ မရှိတာ။"

ကိုယ်ရှိတယ်လေ။ မင်းရဲ့ရှေ့ကဒီကောင်တကောင်လုံးကို မင်းမမြင်နိုင်ဘူးလား လို့ အော်ဟစ်ပစ်လိုက်ချင်သေးတာ။ မဖြစ်နိုင်တော့ဘူး မလား...။

Colors of the Wind [EXO Fanfiction]Onde histórias criam vida. Descubra agora