17

61 8 0
                                    

"ဒါ..ဒါဆို ခင်ဗျား Lu Ge ကိုချစ်ခဲ့ဖူးတာလား"

Tao ရဲ့ထစ်ထစ်ငေါ့ငေါ့မေးခွန်းကြောင့် အရှိုက်ထိသွားခဲ့သလိုမျိုး Kris Wu က တိတ်ဆိတ်ငြိမ်သက်သွားခဲ့ သည်။ ရီဝေနာကျင် နေသော မျက်ဝန်းတွေက Tao ဆီကမျက်နှာလွှဲထားလိုက်ရင်း ရှေ့ကိုသာစိုက်ကြည့် လျက်

"ကိုယ် Luhan ကိုချစ်ခဲ့ဖူးသလား"

ဒါက အဖြေတစ်ခုမဟုတ်ပါ။ မေးခွန်းတစ်ခုဖြစ်သည်။ ကိုယ့်ကို ကိုယ်ပြန်ရေရွတ်လိုက်သော မေးခွန်းတစ်ခု။ မူလဟန် ပျောက်ဆုံး နေတဲ့ Kris ရဲ့ပုံစံကိုကြည့်ပြီး Zi Tao ထပ်မနှိပ်စက်တော့ဖို့ ဆုံးဖြတ် လိုက်ပါသည်။ တကယ်တော့ Kris ၏ ချစ်ခြင်းမချစ်ခြင်းသည် သူနှင့် သိပ်သက်ဆိုင်လှသောအရာတော့မဟုတ်။ မဖြစ်မနေ သိရဖို့ လိုအပ်နေတာမျိုးမဟုတ်ပဲ လူတစ်ယောက်ကို နာကျင်ပင်ပန်း စေ တာမျိုး သူမလုပ်ချင်ပါ။

"ကျွန်တော် အရမ်းအံ့သြလို့မေးလိုက်တာပါ။ စိတ်မရှိပါနဲ့ Ge ကျွန်တော်နောက်ကိုဆင်ခြင်ပါ့မယ်"

တစ်စုံတစ်ခုများပြန်ပြောလေမလား ဟု မိနစ်ဝက်လောက် စောင့်ဆိုင်းခဲ့သော်လည်း Kris ကဘာမှ မတုံ့ပြန် သောအခါ Zi Tao သည်ခါးပတ်ဖြုတ်ရင်း ကားပေါ်မှဆင်းရန်ကြိုးစားပါတော့သည်။

တံခါးဖွင့်ရန်ကြိုးစားသောအခါမှ Kris က Lockချထားလိုက်သော အခါ သူနားမလည်နိုင်စွာ လှည့်ကြည့် မိသည်။

"Ge"

"အချစ်ဆိုတာဘာလဲ Zi Tao ကိုယ် သိပ်နားမလည်တဲ့အရာထဲမှာ ချစ်ခြင်းမေတ္တာပါတယ်"

နာကျင်နေသည့်အသံကြောင့်သူ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

"အဲ"

"Luhan ဟာကိုယ်ကာကွယ်ပေးချင်ခဲ့တဲ့ လူတစ်ယောက်ပဲ။ ကိုယ် သူ့ကိုတကယ်ပဲ မထိခိုက်စေချင်ဘူး။ သူ့ကိုဘေးဒုက္ခတွေပဲပေးမဲ့ အန္တရာယ်တွေကြားကနေကိုယ်သူ့ကိုလွတ်မြောက်စေချင်တယ်။ ရှုပ်ထွေးမှုတွေနဲ့ မပတ်သက်စေချင်ဘူး။ ကိုယ်သူ့ကိုခင်မင်ချင် တယ် ဟုတ်တယ် ဒါပေမဲ့ အဲ့ဒါကအချစ်ဟုတ်မဟုတ် ကိုယ်မဖြေတတ်ဘူး"

ဖြစ်မှဖြစ်ရလေ ဟု Zi Tao စိတ်ထဲရေရွတ်မိသည်။ Kris Wu မှာ ဒီလိုနူးညံ့နာကျင်တတ်တဲ့ပုံစံမျိုးရှိနေခဲ့တာကို ဒုတိယအကြိမ် အဖြစ်မြင်ရတာလည်း အံ့သြဖို့ကောင်းနေဆဲပါပဲ။သူ ပြုံးပြီး Kris Wu ရဲ့ပုခုံးကိုကိုင်ပေးကာ နှစ်သိမ့်ကြည့်ဖို့ကြိုးစားလိုက်ပါသည်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now