27

58 6 0
                                    

"လူတွေက မေ့လွယ်တဲ့ သတ္တဝါတွေပဲ။"

"ကျွန်တော် Hyung ကို လူတွေရဲ့ကမ္ဘာထဲခေါ်သွားပေးမယ်"

"ကျွန်တော့်အတွက် အရေးကြီးဆုံးလူ"

"ခင်ဗျား ကျွန်တော့်ကိုကြောက်လို့ရတယ်"

"ခင်ဗျားကော ကျွန်တော့်ကိုချစ်လို့လား!!"

"ခင်ဗျားသေသွားရင်တောင် ကျွန်တော် ဂရုစိုက်မှာ မဟုတ်ဘူး"

"ကျွန်တော် ခွင့်မလွှတ်ဘူး Luhan"

"သူ မင်းကို ထားခဲ့ပြီ Han သူ ဒီမှာမရှိတော့ဘူး"

"ကျွန်တော် အရှုံးပေးခဲ့ပါတယ် Hyung"

"Fantasy တွေကိုမယုံနဲ့"

"Hyung" "Han" "Ge" "Xiao Lu"

ရှုပ်ထွေးနေသော စကားသံတွေ၊ မွန်းကြပ်နေသော ပတ်ဝန်းကျင် မှာ သူရုန်းကန်လှုပ်ရှားနေမိသည်။ သူ Oh Sehun ကို လွှတ်မပေး နိုင်ပါ။ သူ့ဆီက ဝေးသထက်ဝေးအောင် ပြေးထွက်သွားသော Sehun ကို ဆွဲဖက်ထား မိရန် ကြိုးစားလိုက်သောအခါ သူ ဖမ်းဆုပ် မိသမျှက လေထုဗလာသာဖြစ်နေတော့သည်။

"Han သတိရလာပြီလား"

မောဟိုက်စွာ အသက်ရှူနေရင်း အာရုံထဲ ဝင်လာသည်က ဒီ မျက်နှာကြက်က မီးလုံး ... ဒါအိမ်မှာပဲ။ အနားမှာ လူတွေ အများကြီးရှိနေတာ ခံစားမိသည်။

အာရုံတွေက ရှုပ်ထွေးနေဆဲ။ လက်ကို ကြွလိုက်တော့ ခပ် တင်းတင်းခံစားမှုနဲ့အတူ ဆေးပိုက်တစ်ခုက လက်ခုံပေါ်မှာ။ ထိုမှတဆင့် လူတွေကိုမော့ကြည့်မိတော့ ဆေးပိုက်ကို ချိန်ညှိ ပေးနေတဲ့လူက

"S..Sehun"

သူ အတင်းရုန်းကန်ရင်း လက်လှမ်းပေးလိုက်စဉ်မှာပဲ တစ်စုံ တစ်ယောက်ရဲ့တားဆီးမှုကို ခံလိုက်ရသည်။

"Ge သတိထားဦးလေ အဲ့ဒါ Sehun မဟုတ်ဘူး Dr.JunMyeon"

Tao ရဲ့စကားကြောင့် သူအထိတ်တလန့်ဖြစ်သွားရသည်။ JunMyeon ကိုမှ Oh Sehun လို့ထင်မိရတယ်လို့။ ဒါပေမဲ့ မော့ကြည့်ရတဲ့မြင်ကွင်းမှာတော့ တကယ် ထပ်တူဖြစ်နေခဲ့တာ။ သူ တစ်ကိုယ်လုံးအားမရှိသလို ခံစား လိုက်ရကာ ငြိမ်သက်သွားမိသည်။ Tao ဘယ်တုန်းက ပြန်ရောက်နေတာလဲ လည်း တွေးလို့မရနိုင် တော့ပေ။

Colors of the Wind [EXO Fanfiction]Opowieści tętniące życiem. Odkryj je teraz