13

66 10 0
                                    

လူခေါ်ဘဲလ်လေးကိုနှိပ်လိုက်ရင်း JongIn ရပ်စောင့်နေမိသည်။ အရင်ကဆို ဒီအိမ်ဟာ တံခါးမရှိ ဓားမရှိဝင်ထွက်လို့ရခဲ့တာပဲ။ အေး စက်စက် နေတတ်တယ် (လို့Sehun ပြောတဲ့) Sehun မိသားစု ဝင်တွေတောင်မှ သူ့ကိုဆို ပြုံးပြရယ်ပြ သိကျွမ်းရင်းနှီးနေခဲ့တာ မလား။ အဲ့ဒါတွေအခုဘာဖြစ်သွားပြီလဲ။

"သြော် JongIn လာလေကွယ် ဟိုကောင်လေး တော့ အခန်း အောင်းနေတယ် အတော်ပဲ။ စားစရာ လေးဘာလေး ချော့မော့ ကျွေးလိုက်ပါဦး"

Sehun ရဲ့ဒေါ်လေးကတံခါးလာဖွင့်ရင်း ပြောသည်ကို နားထောင် ရင်းသူ ရိုရိုကျိုးကျိုး ပင်ပြန်ဖြေကာ အပေါ်တက်လာခဲ့လိုက်ပါ သည်။ တကယ်တမ်းတော့ Sehunမိသားစုဝင်များသည် ထင် သလောက် (Sehun ပြောသလောက်) အေးစက်နေကြတာတော့ မဟုတ်ပေ။ အခုဆိုလည်း ဒါ ဂရုစိုက်ပေးတာပဲမဟုတ်ဘူးလား။ သူအဲဒီလိုပြောတိုင်း Sehun ကမဲ့ပြုံးပြုံးရင်း "မင်းလိုမိသားစု အချစ်ခံရတဲ့ကလေးက ဒါတွေဘာသိမှာလဲ" လို့ ခပ်လှောင်လှောင် ပြောလေ့ရှိသည်။ အဲ့ဒါတော့ဟုတ်တာပဲ။ Kim JongIn ဆိုသည့် သူ့ကို မိဘတွေသာမက အစ်မတွေကကော ယောက်ဖတွေကပါ ချစ်ပေးကြသည်။ ဘာကြောင့်လဲတော့ သူလည်းမပြောတတ်။ Sehun မိသားစုနဲ့ ကွာတာတော့ကွာပါသည်လေ။

အခန်းတံခါးရှေ့မှာ သူအကြာကြီးငိုင်နေမိပြီးမှ တံခါးခေါက်လိုက် သည်။ Sehun ဘာတွေလုပ်နေမလဲ။ နေမှကောင်းရဲ့လား။ တံခါး Lock ဖြည်ပေးလိုက်တဲ့အသံထွက်လာပြီး နောက်ဖြည်းဖြည်းချင်း ပွင့်လာသည်။ သူဝင်သွားလိုက်တော့ ရှုပ်ပွနေသည့်အခန်းထဲမှာ Sehun က ဝင်ပေါက်ကိုကျောပေးရပ်နေပါသည်။ သူလာမယ်မှန်း သိနေတာလား။

"Sehun"

"ဘာကိစ္စရှိလို့လဲ" ခုံတစ်ခုပေါ်ကအခွေတွေကို အောက်ကစက္ကူ ပုံးတွေထဲပစ်ထည့်ရင်း မေးလိုက်သည့် မေးခွန်းကနည်းနည်းတော့ နာကျင်စရာကောင်းသည်။

"ငါ.. တောင်းပန်ချင်လို့"

စိတ်လျှော့ရင်းနဲ့သူပြောမိတော့ Sehun က ရှင်းလင်းနေရင်း တန့်သွားပြီးမှ နေရာလွတ်တစ်ခုကို မေးဆတ်ပြ သည်။ သြော် သူ့အတွက်နေရာရှင်းပေးနေတာပဲ။ ရင်ထဲမှာတော့ နွေးခနဲ။

Colors of the Wind [EXO Fanfiction]Where stories live. Discover now