12

63 10 0
                                    

"S...Sehun"

တုန်ရီထစ်အစွာနဲ့ ဖုန်းကိုလည်းလွှတ်ချမိရင်း လူလည်းထိုင်ကျ သွားရင်း Sehun အမည်နာမကို ရေရွတ် လိုက်မိသည်။ သွေးစ သွေးနတွေ သန့်စင်ထားခြင်းမရှိသော ဒဏ်ရာဒဏ်ချက်တို့နဲ့ Sehun က ပြတင်းပေါက် ဘောင်နားမှာ ရပ်နေကာ သူ့ကို စူးစိုက် ကြည့်နေသည်။ ခြေထောက်မှာလည်း ဒဏ်ရာတွေနဲ့။ သူ ဘာကို ကြောက်နေရမှာလဲ။ ဒဏ်ရာရထားတဲ့ OhSehun ကိုကြည့်ပြီး ဘာကိုများ ထပ်ကြောက်နေရမှာလဲ။ Sehun ကသူ့ကိုဘာတစ်ခွန်း မှ မပြောသေးပဲ အသက်ကို ဖြည်းဖြည်းချင်းရှူ နေသည်။

"Sehun....."

သူမကြောက်တော့တာ မဟုတ်။ ကြောက်စိတ်ကိုစိုးရိမ်စိတ်က လွှမ်းသွားသောကြောင့်ဖြစ်မည်ထင်သည်။ သူမနည်းထလိုက်ပြီး Sehun ရပ်နေရာကိုပြေးသွားကာ လက်မောင်းတွေကိုဆွဲယူရင်း

"ဘာဖြစ်တာလဲ ဘာဖြစ်လာတာလဲ Sehun ဟင် မင်းသွေးတွေ အရမ်းထွက်နေတယ်။ ပြောစမ်းပါ ဒီဒဏ်ရာတွေကဘာတွေလဲ"

ထိုအခါ Sehun မျက်နှာမှာ ယောင်ယောင်ကလေးဖြတ်ပြေးသွား သည့်အပြုံးလေးတစ်ခုကို သူမြင်လိုက်ရ သည်။ သွေးစိမ်းရှင်ရှင် ထွက်နေရတာ သူလား Sehun လား။ မဟုတ်ဘူး ဒါတွေသူမတွေးနိုင်ဘူး။

"ဆေးရုံသွားကြမယ်.....လာ"

သူကသာ အလောတကြီးအပြင်သွားဖို့လုပ်နေပေမဲ့ Sehun ကသူ့ လက်ကိုပြန်ဆွဲထားရင်း

"Hyung ကျွန်တော် ဆေးရုံတွေကိုမုန်းတယ်"

တိုးတိုးကလေး ပြီးတော့ ညင်ညင်သာသာကလေး

"ဟင်.."

"ကျွန်တော့်ကိုနှင်မထုတ်ဘူး မလား"

Sehun အသံကိုကြားရလေ သူပိုစိတ်ပူလေ

"အို မင်းကိုဘာလို့နှင်ထုတ်ရမှာလဲ Sehun"

Sehun ကမျက်လုံးကလေးတွေ ပိတ်သွားသည်အထိပြုံးရင်း သူ့လက်ကိုကိုင်ကာ "ကျွန်တော့်ကို နည်းနည်း တွဲပေးမလား ကျွန်တော်ဒဏ်ရာတွေရေဆေးချင်တယ်"

သူ Sehun ခါးကိုအသင့်ကိုင် ပေးလျက်သားဖြစ်သွားကာ အဲဒီပုခုံး ကျယ်ကျယ် ရေမွှေးနံ့သင်းသင်းတို့ကြားမှာ သွေးညှီနံ့တချို့နဲ့ အခြေအနေတွေကို သူခဏမေ့သွားနိုင်ခဲ့ပါသည်။

Colors of the Wind [EXO Fanfiction]Where stories live. Discover now