25

58 6 0
                                    

ဆောင်းရာသီအတွက် အလှဆင်ထားပုံရသည့် တိုက်ခန်းတံခါးဖြူဖြူ ကလေးကို ထပ်ပြီး မထိရက် မခေါက် ရက်တော့သဖြင့် ငေးကြည့် နေမိကြောင်းကိုတခြားလူတစ်ယောက် (ဥပမာ - Kris) သိသွား မည်ဆိုလျင် သူ့ကိုလှောင်ရယ်ရယ်နေလောက်မည်။ သူ့အဖြစ်က ရယ်ချင်စရာကောင်းသလား မကောင်းလားတော့သူ သေချာမသိ ပါ။

၃ နှစ်ကျော်ဝေးကွာပြီးမှ တစ်စုံတစ်ရာအကြောင်းမကြားခဲ့ပဲ လေယာဉ်ပေါ်ကဆင်းဆင်းချင်း ချစ်သူ့ အိမ်ရှေ့ ကို ရောက်လာခဲ့ တာဟာဒီလိုငေးကြည့်ပြီးပြီးသွားရမှာလား။

ဒါပေမဲ့ သူ နားလည်ပေးနိုင်ပါသည်။ Han လန့်သွားခဲ့ရှာမှာ။ စက္ကန့် ပိုင်းလောက်ပဲ ရင်ဆိုင်လိုက်ရတဲ့ မျက်ဝန်း ကလေးတွေမှာ မမျှော်လင့်ထားမှု၊ အံ့အားသင့်မှု၊ ထိတ်လန့်မှုနဲ့ ကြေကွဲမှုတွေကို သူလှမ်းမြင်တွေ့ခဲ့ရသည်။ Han ကသူ့ကိုထက် တခြားလူ တစ်ယောက်ကို မျှော်နေခဲ့မှာပေါ့။

သူ့အချစ်ဟာ တိုက်ခန်းလေးထဲမှာ အဆင်မှပြေရဲ့လား။

အိမ်တံခါးဖြူဖြူကလေးဟာ Kris ပြောပြထားခဲ့ဖူးတဲ့မှုန်မှိုင်းမှိုင်း ခပ်ဟောင်းဟောင်းတံခါးကလေး မဟုတ် တော့တာကို သူ သတိထားမိသည်။ Sehun နဲ့အတူတူ ပြောင်းလဲ၊ အတူတူ အလှ ဆင် ခဲ့မှာပဲပေါ့။

သူရင်ဘတ်ထဲက စူးအောင့်လာလိုက်တာ။ ဒီနေ့အတွက် သူပြန်ဖို့ သင့်ပြီ။ သူ ဆုံးဖြတ်ချက် ချလိုက်တော့ မှတံခါးက ဖြည်းညင်းစွာ ပွင့်ဟလာခဲ့သည်။ (သူထပ်ပြီးတံခါးမခေါက်ရပါပဲလေ) ကံကြမ္မာ၏ ကျီစားမှု ဟူသည့်အကြောင်းအရာတွေကို သူတို့၏ အရှေ့တိုင်း ပြဇာတ်တွေထဲ ဖောဖော သီသီ သုံးစွဲခဲ့တာ သူ အမှတ်ရနေမိသည်။ Han ကတံခါးနောက်ကွယ်နားမှာ ခပ်ရို့ရို့ရပ်နေပြီးအသံကို (ထိန်းထားကာ) ခပ်တိုးတိုးပြောလေသည်။

"တောင်းပန်ပါတယ် Xing ငါ ခုနက ရုတ်တရက်မို့ ဘာလုပ်ရမှန်း မသိလို့ပါ။"

သေစမ်း။ တောင်းပန်ဖို့လာခဲ့တဲ့သူ့ခရီး သူတို့ရဲ့ပထမဆုံးစကား ပြောခန်းဟာ အချစ်က တောင်းပန်တာနဲ့ အစပြုလိုက်ရသတဲ့လား။ သူဟာ တကယ်ကိုသေသင့်တဲ့လူ။

"မ.. မဟုတ်တာပဲ"

"အပြင်မှာ အရမ်းအေးနေတယ် Xing"

Colors of the Wind [EXO Fanfiction]Where stories live. Discover now