Part-1(Unicode)

5.4K 160 13
                                    

ဗမာပြည်လွတ်လပ်ရေးမရခင် ၁၉၄၂ခုနှစ်
ဂျပန်တို့အုပ်စိုးသောကာလ....

"သိပြီးကြပြီလား အမိတို့...လွန်ခဲ့တဲ့၁လလောက်ကမှ အသစ်ရောက်လာတဲ့ မြို့အုပ်မင်းက ယောင်္ကျားမှစစ်မှစစ်ရဲ့လားလို့ လူတွေပြောနေတာကြားခဲ့တယ်တော်..."

နှစ်တရာညောင်ပင်အောက်၀ယ်.....
စျေးသိမ်းချိန်ပြီးသကာလ အိမ်ထောင်ရှင်မတို့မှာလည်း ချက်ပြီးပြုတ်ပြီးသည်နှင့် သူတို့၏ ပင်တိုင်စံ စကား၀ိုင်းကြီးဖြစ်လေသော ထိုညောင်ပင်ကြီးအောက်၌ အရပ်စုံ နေရာစုံမှ သတင်းအဖုံဖုံကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ၀ိုင်းဖွဲ့ကာ မြည်တွန်တောက်တီးလေ့ရှိကြလေသည်။

"ဟယ် ဘာလို့တုန်း...မြို့အုပ်မင်းကိုသေချာမမြင်ဖူးသေးပေမဲ့ ကျုပ်တခါ ဖြတ်ကနဲ တွေ့တုန်းကဆို အင်မတန်တည်ကြည်ချောမောပြီး ဩဇာတိက္ကမတွေလွှမ်းမိုးတဲ့ ရုပ်ရည်မျိုးပါတော်။"

ဟု ကွမ်းသွေးကို တစ်ပျစ်ပျစ် ၀ါးလျက် ဒေါ်တင်မြိုင်ဟူသော အမျိုးသမီးကြီးက ဆိုလေတော့

"အမယ်လေး...ခု ဒီသတင်းကဖြင့် မနက်ခင်းစျေးမှာ ပြောနေလိုက်ကြတာ ပလူကိုပျံလို့။မကြားချင်မှအဆုံး ကြားလာတာ။မြို့အုပ်မင်းက ယောင်္ကျားတစ်ယောက်ကို တိတ်တိတ်ပုန်း လက်ထပ်ယူထားသတဲ့။"

ဟူ၍ ထိုမိန်းမလေးက ပြန်လည်ပြောဆိုလေတော့

ဒေါ်တင်မြိုင်ရဲ့သမီးဖြစ်သူက အံ့ဩတကြီး မျက်လုံးတို့ပြူးကာဆိုလျက်...

"ဘယ်လို!!အမယ်လေး တော်ရယ်...ဟုတ်မှလည်းပြောပါတော်။ယောင်္ကျားအချင်းချင်းယူတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားတော့်။မိုးကြိုးတွေပစ်ကုန်မှာပေါ့တော်ရယ်..."

"ဒါတော့ ကျုပ်လည်းမသိပေါင်။ဒီလောက်တောင်ပျံ့နှံ့နေတယ်ဆိုမှတော့ သေချာတဲ့သတင်းအရင်းအမြစ်ကြောင့်ဖြစ်မှာပေါ့။တော်ပြီအေ...မပြောတော့ဘူး။ကျုပ်အိမ်မယ် လုပ်စရာလေးတွေရှိသေးလို့ ပြန်နှင့်တော့မယ်။"

ဟု ထိုမိန်းမလေးက ဆိုကာ စကားအမြန်ဖြတ်လိုက်ပြီး နေရာမှ ခပ်သွက်သွက် ထွက်ခွာသွားလေတော့၏။

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Where stories live. Discover now