Part-1(Zawgyi)

863 22 0
                                    

ဗမာပြည်လွတ်လပ်ရေးမရခင် ၁၉၄၂ခုနှစ်
ဂျပန်တို့အုပ်စိုးသောကာလ....

"သိပြီးကြပြီလား အမိတို့...လွန်ခဲ့တဲ့၁လလောက်ကမှ အသစ်ရောက်လာတဲ့ မြို့အုပ်မင်းက ယောင်္ကျားမှစစ်မှစစ်ရဲ့လားလို့ လူတွေပြောနေတာကြားခဲ့တယ်တော်..."

နှစ်တရာညောင်ပင်အောက်ဝယ်.....
ဈေးသိမ်းချိန်ပြီးသကာလ အိမ်ထောင်ရှင်မတို့မှာလည်း ချက်ပြီးပြုတ်ပြီးသည်နှင့် သူတို့၏ ပင်တိုင်စံ စကားဝိုင်းကြီးဖြစ်လေသော ထိုညောင်ပင်ကြီးအောက်၌ အရပ်စုံ နေရာစုံမှ သတင်းအဖုံဖုံကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ဝိုင်းဖွဲ့ကာ မြည်တွန်တောက်တီးလေ့ရှိကြလေသည်။

"ဟယ် ဘာလို့တုန်း...မြို့အုပ်မင်းကိုသေချာမမြင်ဖူးသေးပေမဲ့ ကျုပ်တခါ ဖြတ်ကနဲ တွေ့တုန်းကဆို အင်မတန်တည်ကြည်ချောမောပြီး ဩဇာကိသမတွေလွှမ်းမိုးတဲ့ ရုပ်ရည်မျိုးပါတော်။"

ဟု ကွမ်းသွေးကို တစ်ပျစ်ပျစ် ဝါးလျက် ဒေါ်တင်မြိုင်ဟူသော အမျိုးသမီးကြီးက ဆိုလေတော့

" အမယ်လေး...ခု ဒီသတင်းကဖြင့် မနက်ခင်းဈေးမှာ ပြောနေလိုက်ကြတာ ပလူကိုပျံလို့။
မကြားချင်မှအဆုံး ကြားလာတာ။မြို့အုပ်မင်းက ယောင်္ကျားတစ်ယောက်ကို တိတ်တိတ်ပုန်း လက်ထပ်ယူထားသတဲ့။"

ဟူ၍ ထိုမိန်းမလေးက ပြန်လည်ပြောဆိုလေတော့

ဒေါ်တင်မြိုင်ရဲ့သမီးဖြစ်သူက အံ့ဩတကြီး မျက်လုံးတို့ပြူးကာဆိုလျက်...

"ဘယ်လို!!အမယ်လေး တော်ရယ်...ဟုတ်မှလည်းပြောပါတော်။ယောင်္ကျားအချင်းချင်းယူတယ်ဆိုတာ ဖြစ်နိုင်ပါ့မလားတော့်။မိုးကြိုးတွေပစ်ကုန်မှာပေါ့တော်ရယ်..."

"ဒါတော့ ကျုပ်လည်းမသိပေါင်။ဒီလောက်တောင်ပျံ့နှံ့နေတယ်ဆိုမှတော့ သေချာတဲ့သတင်းအရင်းအမြစ်ကြောင့်ဖြစ်မှာပေါ့။တော်ပြီအေ...
မပြောတော့ဘူး။ကျုပ်အိမ်မယ် လုပ်စရာလေးတွေရှိသေးလို့ ပြန်နှင့်တော့မယ်။"

ဟု ထိုမိန်းမလေးက ဆိုကာ စကားအမြန်ဖြတ်လိုက်ပြီး နေရာမှ ခပ်သွက်သွက် ထွက်ခွာသွားလေတော့၏။

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Donde viven las historias. Descúbrelo ahora