တစ်ပတ်ကို၈ခါလောက် လာနေသော
လွင်မင်းခေါင်ကြောင့် ကြာလေကြာလေ စိတ်မချရလေဆိုသလိုဖြစ်လာပြီး...ပွင့်လင်းစွာထုတ်ပြဖို့ကျ နှလုံးသားကငြင်းဆန်သည်။
ခန့်ဦးသွင်ကြည်မှာ အလွန်ပင်၀င်မွှေနိုင်သော ဆိုင်းအံ့ခွန်ကို နားရင်းကိုသာနာနာအုပ်လိုက်ချင်တော့သည်။"အဲ့~" "အဲ့.."
တအဲ့အဲ့နှင့်စကားတွေပြောနေတဲ့ပိစိလေးက လေးဖက်ထောက်လာကာ ခန့်ဦးသွင်ကြည်နားကပ်ပြီး မျက်လုံး၀ိုင်းလေးတွေနဲ့ကြည့်နေရှာသည်။
"ကျုပ် အလုပ်လုပ်ရအုံးမှာ..."
"အဲ့.."
"မအားသေးဘူး။အလုပ်တွေကျန်သေးတယ်...အခုမချီနိုင်သေးတာမို့ မင်းကိုကိုဆီသွားနော်..."
"ခစ်ခစ်~~"
နားလည်တာလား၊မလည်တာလားမသိ တစ်ခစ်ခစ်နှင့် အနားကမခွာပဲ ကြည့်နေသည်မို့ အသဲယားလာသည်မို့ တရွတ်ရွတ်နမ်းပစ်လိုက်သည်။
*ရွှတ်* *ရွှတ်~*
"တကယ်ချစ်စရာလေးပဲ...မင်းကိုကိုနဲ့တူတာ မင်းက.."
ယနေ့ သင်္ကြန်မုန့်တွေလုပ်စားကြသည်မို့ မုန့်ဆိုတာနဲ့အရောင်လဲ့လာသော သက်မြဲတည်က မနက်ကတည်းက အနောက်မီးဖိုဆောင်ရောက်နေပြီဖြစ်သည်။
လွတ်လပ်စွာပျော်ပါးခွင့်မရှိကြတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် မိသားစုအတွင်း ပျော်ရွှင်မှုလေးတွေကိုဖန်တီးကြတာမို့...
မုန့်လုံးရေပေါ်၊ရွှေရင်အေးနဲ့ မုန့်လက်ဆောင်း တို့ကို အတူတူလုပ်ကြကိုင်ကြ တဟားဟားနဲ့ပွဲကျလာရင် ရယ်သံတွေက အရှေ့ဆောင်က စံအိမ်အထိကြားရသည်။ဘာတွေပြောပြီး သဘောကျနေကြသလဲမသိပေမဲ့ ကောင်လေးအသံမှာလည်းစူးလို့ပင်ဖြစ်သည်။
"ဟော...ဒီနေ့ မုန့်တွေလုပ်တာကိုး...ကိုလွင်မင်းခေါင် လာဗျာ~စားပြီးမှပြန်ကြတာပေါ့။"
သကောင့်သားက ထပ်ပြီး ဟိုလူကိုခေါ်လာပြန်ပြီ။တကယ်ပဲ ကြည့်မရပါဘူးဆိုမှ ခဏခဏကိုလာနေတဲ့လူရယ်...မသိသလိုလုပ်ပြီး ခေါ်လာတဲ့အကောင်ရယ်၊ကြာတော့နှစ်ယောက်လုံးကို ကားနဲ့ကြိတ်သတ်ချင်ပြီ။
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...