"၁၈နှစ်သားလေး..ခန့်ဦးရော..."
"အစ်ကိုလေးနဲ့အပြင်ထွက်သွားတယ်။
ပိစိလေးအတွက် အ၀တ်အစားတွေ၊နို့ဘူးတွေ၀ယ်ဖို့တဲ့။""ဪ...ဟုတ်လား၊ဒါဆို ၁၈နှစ်သားလေးကရော အားနေတာလား။"
"အားတော့မအားပါဘူး။ဦးကြီးပေးထားတဲ့စာရင်းတွေလုပ်ရမယ်..."
"ဘာစာရင်းတွေလဲ..."
"အသစ်ချပေးထားတဲ့ လယ်ယာက လယ်သမားတွေအတွက် ငွေစာရင်းတွေပါ။"
"ဪ...ကိုယ်လုပ်ပေးမယ် ယူလာခဲ့။"
စာရင်းစာအုပ်တွေကိုယူလာပြီးပေးလိုက်တော့ ခုံပေါ်မှာ ခြေချိတ်ထိုင်လျက် အာရုံစိုက်ကာ စာရင်းတွေကူလုပ်ပေးသည်။
သေချာစူးစိုက်နေတဲ့ ဘေးတိုက်မျက်နှာက ဆွဲဆောင်မှုရှိပြီး ငေးနေမိတာ အကြည့်ခွာဖို့မေ့နေသည်အထိပင်ဖြစ်သည်။"ကိုယ်ကအဲ့လောက်တောင်ချောတာလား။"
"ဟင်...!မဟုတ်ပါဘူး။"
"ဒါဆို ဘာလို့ ဒီလောက်တောင်စိုက်ကြည့်နေတာလဲ ပြောပါအုံး။"
"စာ...စာရင်းတွေမှန်လားလို့ ဘေးကနေ
ကြည့်ပေးနေတာ..""ဪ...ဟုတ်လား၊ကျေးဇူးတင်လိုက်တာဗျာ..."
"......."
"ဒါနဲ့ ကိုယ်သိချင်တာလေးတစ်ခုရှိလို့....
မေးလို့ရမလား။""ဟိုတစ်ခါက ဦးကြီးက မင်းကို အခြားနာမည်တစ်ခုခေါ်တာကြားလိုက်တယ်။အောင်ချစ်လို့မခေါ်ဘဲ အခြားတစ်ခုခေါ်လိုက်သလားလို့...အဲ့တာ ဘယ်သူ့နာမည်လဲ။"
"ဟမ်...မဟုတ်ပါဘူး။ဦးကြီးက ဘယ်အခြားနာမည်ကိုမှမခေါ်ပါဘူး....ခင်ဗျားနားကြားမှားတာထင်တယ်။"
"မဟုတ်တာ ကိုယ်သေချာကြားလိုက်တယ်။နငယ်တော့ပါတယ်...ဘာဆိုလားပဲ။"
စဥ်းစားဟန်ဖြင့်ပြောနေတဲ့ ဆိုင်းအံ့ခွန်ကို
ကြည့်ပြီး အသည်းအသန်ငြင်းရသည်ကလည်း အမော...ဦးကြီးက တစ်ခါလေး ခေါ်လိုက်တဲ့အမည်ကိုသူကဘယ်လိုကြားသွားတာလဲ..."နောင်ခမ်း..."
"ဗျာ..အဲ ဘာဖြစ်တယ်!"
"ကိုယ်မှတ်မိပြီ၊ဦးကြီးက မင်းကိုခေါ်တာ နောင်ခမ်းတဲ့...ဟုတ်တယ်မလား။"
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...