Part-5(Unicode)🚨🚨

1.2K 51 2
                                    

၁၉၃၉ခုနှစ်

"ကိုကို ကျွန်တော်တို့လက်ထပ်ကြမယ်နော်.."

"သေချာလို့လား အဲလက်စ်ရဲ့။ကိုယ်ကနိုင်ငံရေးသမားနော်..အရှုပ်အထွေးတွေကြားထဲမင်းကိုဆွဲသွင်းရမှာ ကိုယ်မလိုချင်ဘူး။"

"ဒီမယ် မြို့အုပ်မင်းအလောင်းအလျာကြီး...ကျွန်တော်တကယ်ချစ်လို့ လက်ထပ်မယ်လို့ပြောတာကို မယုံတာလားလို့!"

"အဆိုးလေးကတော့...ကိုယ်မယုံလို့ပြောတာမှမဟုတ်ဘဲကွာ။မင်းနဲ့စတွေ့တုန်းက ကိုယ်က သတင်းထောက်တစ်ယောက်ပါလို့ လိမ်ခဲ့မိတာကိုလည်း နောင်တရနေတာ၊ကိုယ်ကနိုင်ငံရေးထဲမှာပါ၀င်နေတာမို့မရှုပ်ထွေးစေချင်ခဲ့လို့ လိမ်ပြောခဲ့မိတာ..."

"ဟာ ကိုကို......လို့..ကျွန်တော်အားလုံးကိုလက်ခံနိုင်ပါတယ်ဗျာ။နော်...ကိုကို့ကို အများကြီးချစ်တာမို့ လက်ထပ်ကြမယ်နော်။"

"ကိုယ်ကမင်းကို ရှုခင်းလှလှလေးတွေကို ခံစားရင် အေးအေးဆေးဆေးဓာတ်ပုံရိုက်နိုင်တဲ့ လူအဖြစ်မြင်ချင်တာ၊ကိုယ့်ဘ၀ထဲ၀င်လာရင် မင်းရဲ့ဓာတ်ပုံဆရာဘ၀လေးတော့ ခက်ခဲတော့မှာပဲ အဆိိုးလေးရာ.."

ကျွန်တော်က ကိုကို့ထက်ကို ပိုလိမ်ညာခဲ့တာသိတဲ့တစ်နေ့ကျ ကျွန်တော့်ကို ဘယ်လိုများထင်သွားမလဲ....ဟင့်အင်း..ကိုကို မသိအောင်ကြိုးစားသွားမှာ

"ဟီးဟီး..ကျွန်တော်လုံး၀အဆင်ပြေပါတယ်ဆို ကိုကိုဘာမှစိတ်မပူနဲ့နော်၊အများကြီးချစ်တယ်။"

"ဘယ်သူ့ကိုတုန်းဗျ.."

"ကိုကို့ကိုလေ။"

"မယုံဘူး၊သက်သေပြ.."

*ပြွတ်စ်*

"ဒါလေးနဲ့မရဘူးလေ၊ကိုယ်ကထပ်လိုချင်သေးတာ။"

"ကိုကိုနော်၊ယူတောင်မယူရသေးတာကို ဘာတွေလိုချင်နေတာလဲလို့.."

"ဟားဟား~ကိုယ်က စတာပါဗျာ..."

ထိုလူနှင့် တဖြည်းဖြည်း နီးစပ်လာခဲ့ပြီ။နောက်ဆုံးတော့ ထိုလူ့ဘ၀ထဲထိ၀င်ရောက်နိုင်တော့မည်ဖြစါသည်...လက်ထပ်ပြီးသည်နှင့် ဒီဇာတ်လမ်းတွေအဆုံးသတ်ရမှာဖြစ်သော်လည်း  သူတကယ်ကိုပင် ချစ်မိသွားခဲ့ပြီထင်ပါရဲ့...

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Dove le storie prendono vita. Scoprilo ora