"!!!"
"အဲလက်စ် ငါ့တူ ဘာဖြစ်တာလဲ...!"
မနက်အစောပိုင်းက အလုပ်တွေရှုပ်နေတာနဲ့ နားပူနားဆာလုပ်သည့်ကောင်လေးကို စိတ်ရှုပ်ရှုပ်နှင့်ဆူမိလိုက်သေးတာမို့ ထိုကောင်လေး စိတ်များဆိုးနေမလားဟုတွေးမိပြန်သေးသည်။
"နော် နော် ဒီနေ့ နောက်ဆုံးမို့ ကျွန်တော်နဲ့အတူရေဆော့ရအောင်လေနော်။"
"ကျုပ်မအားသေးဘူး မောင်မင်း...လုပ်စရာတွေများနေတယ်။"
ဧည့်ခန်းထဲရှိ စားပွဲပေါ်၌ စာရွက်စာတမ်းတွေအပုံလိုက်ရှိနေပြီး တစ်ခုစီသေချာဖတ်ကာ စာရင်းဇယားများကိုလည်းစနစ်တကျစစ်ဆေးနေသည့်မြို့အုပ်မင်းက အခါကြီးရက်ကြီးမှာတောင် အနားယူမည့်ပုံမပေါ်။
"ဟာ မြို့အုပ်မင်း ကိုယ့်အခန်းထဲမှာ အလုပ်လုပ်တာနဲ့တင်အားမရလို့ အခု အောက်ထပ်ထိပါ လုပ်နေတာလားလို့...တစ်ခါတစ်လေလေး နားရတာပဲဟာ မြို့အုပ်မင်းရဲ့အလုပ်တွေပျက်ပြားမသွားပါဘူး လုပ်ပါ နော်..."
"မောင်မင်း!ကျုပ်ပြောပြီးပြီလေ။ဘယ့်နှယ်ကြောင့် ကျုပ်ကို အတင်းကာရော ခေါ်နေတာလဲ။မောင်မင်းရေဆော့ချင်သပဆို အောင်ချစ်တို့ကိုခေါ်ပြီးဆော့နေချည်..!"
"ကျွန်တော်ကမြို့အုပ်မင်းနဲ့..."
တိုး၀င်သွားသော အသံလေးနှင့်အတူ ကွယ်ပျောက်သွားသောစကားလုံးတွေကို ခန့်ဦးသွင်ကြည့်ကြားခွင့်မရှိလိုက်ပါ။ထိုမျှသာဆိုပြီး ရေဖလားခွက်လေးကိုရင်ဘတ်မှာပိုက်ကာ မျက်နှာငယ်ဖြင့် တရွေ့ရွေ့ထွက်သွားတော့ကောင်လေး၏ကျောပြင်ကိုမြင်ရတော့လည်းစိတ်ထဲနေလို့မကောင်းဖြစ်သွားရသည်။
တကယ်ဆို အလုပ်တွေမလုပ်ဘဲ တစ်နေကုန် အရိပ်တကြည့်ကြည့်ရှိနေချင်မိတာ...မြို့အုပ်မင်းတစ်ယောက်အနေနဲ့ သူလုပ်ရမဲ့တာ၀န်တွေကို ကိုယ်ရေးကိုယ်တာကြောင့်နဲ့တော့ နှောင့်နှေးရတာမျိုးကို သူမလိုချင်ပါ။
ကိုယ်ရေးကိုယ်တာနှင့်အလုပ်ကို ခွဲခြားပြီး စနစ်ကျလွန်းတဲ့သူ့အဖို့တော့ ကောင်လေးကိုအချိန်မပေးမိတာလွန်ရင်လွန်သွားလိမ့်မည်။သို့ပေမဲ့ အလုပ်တွေမြန်မြန်ပြီးအောင်တော့သူလုပ်မည်။
ဒါမှသာ ကောင်ငယ်လေးစိတ်တိုင်းကျဖြည့်ဆည်းပေးနိုင်မှာမို့...
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...