"ငါးအူကို သေချာလေးချက်ထားတာပဲကွ~အိစက်ပြီး မွှေးနေရော ငါ့တူကြီးရာ..."
စားသောက်ရင်း ကျေနပ်စွာပြောလာတဲ့ ဦးလေးက အပြုံးနှင့် ချီးကျုးသည်။
"ဟုတ်တယ် ဦးလေး...သေချာလုပ်ခဲ့ထားတာလေ၊ငါးချဥ်တွေကလည်း တစ်နေ့ကမှ
ဆိုင်းအံ့ခွန် ကချင်ပြည်ဘက်သွားတော့
ကသာက ၀ယ်လာတာဆိုပြီး လာပေးသွားတာ။""အဲ့ဒီဘက်ကတော့ ငါးချဥ်ကတော့ လိုက်မမှီဘူးဟေ့...သေချာလုပ်တော့ စားကောင်းတာကိုး။"
အရသာရှိစွာစားသောက်ရင်း ဦးလေးနှင့်
ခန့်ဦးသွင်ကြည်တို့နှစ်ယောက်သား နိုင်ငံရေးအကြောင်းတွေလည်း စကားစမြည်ပြောကြသည်။စားသောက်ပြီးနောက် အချိုပွဲတည်းရင် ဧည့်ခန်းမှာထိုင်လျက် ရောက်တက်ရာရာ ပြောကြသည်။"ရုပ်ရှင်တွေလည်း ပြသခွင့်မရတော့ အနုပညာလောကသားတွေ ထမင်းငတ်တာပေါ့ တူကြီးရာ..."
"ဟုတ်တယ် ဦးလေး၊လမ်းမှာ ပြဇာတ်တွေဖျော်ဖြေကြပြီး အာဏာရှင်တွေကိုသရော်တဲ့ ဇာတ်တွေကို ဖန်တီးကြတော့ ပြည်သူတွေကနိုင်ငံရဲ့အခြေအနေကို မျက်စိပွင့်နားပွင့်ဖြစ်လာကြတယ်။ဒါကြောင့်လည်း ပြဇာတ်ကတဲ့လူတွေကို ဖမ်းဆီးပြီး ထောင်ချကြတယ်...တကယ်အယုတ်တမာတွေ.."
"ဒီလိုမျိုး လမ်းဘေးမှာ ပြဇာတ်တွေလုပ်ပြီး ပြည်သူတွေကို မျက်စိအလင်းပွင့်စေတာလည်း တော်ရုံသတ္တိမဟုတ်ဘူး။သူတို့အတွက်လည်း အတော်ကလေး စွန့်စားရတာပဲ တူကြီး...နိုင်ငံရေးခေါင်းဆောင် အတော်များများကလည်းထောင်ထဲမှာရှိနေကြတယ်လေ။ဒါပေမဲ့ တို့ဗမာတွေက မခေဘူးကွ...သခင်တွေက ထောင်ထဲကနေတောင်မှ နိုင်ငံရေးလှုံ့ဆော်တဲ့ စာတွေကိုရေးနေကြတယ်လေ။ပြည်သူတွေသိဖို့ပေါ့..."
"ဟုတ်ပါ့ဗျာ၊ဒါနဲ့ ဦးလေးတို့ အဖွဲ့သားတွေကရော ဘယ်လိုလဲ။"
"အဖွဲ့သားတွေက သစ္စာရှိပြီး လူညီတယ်
တူကြီးရေ...ဟိုမှာရောက်နေတဲ့တောက်လျှောက် သူတို့ကိုပဲအားကိုးရတာပဲ။နိုင်ငံရေးသတင်းတွေဘာမှကိုမလွတ်စေဘူး။""ဒါလည်းကောင်းတာပါပဲဗျာ..."
"ဪ...ဒါနဲ့ ခုနက ကလေးပေါက်စလေးက ဘယ်သူ့ကလေးတုန်းကွ၊မင်းတို့လည်းကလေးမရတန်ကောင်း..."
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...