"မြို့အုပ်မင်း..ဧည့်သည်လာပါတယ်ရှင့်။"
အိမ်ဖော်ကောင်မလေးတစ်ယောက်က ခပ်ကျုံ့ကျုံ့ရောက်လာပြီး ဧည့်သည်ရောက်နေကြောင်း မြို့အုပ်မင်းအား လာပြောသည်။
"ဘယ်သူလဲ။"
"အမျိုးသမီးတစ်ယောက်ပါ။မြို့အုပ်မင်းနဲ့အသိမိတ်ဆွေလို့ပြောပါတယ်။"
"၀င်ခိုင်းလိုက်.."
ခဏအကြာ အမျိုးသမီး၀င်ရောက်လာပြီး ချိုသာစွာနှုတ်ဆက်စကားဆိုသည်။
"သွင်...မတွေ့ရတာကြာပြီနော်။"
"အင်း ဟုတ်တယ် မေ...ကိုယ်လည်းအလုပ်တွေရှုပ်နေလို့ မေ့အိမ်ဘက်မလှည့်ဖြစ်ဘူး။"
*မေ*ဟူသော ထိုအမျိုးသမီးမှာ ရင်ဖုံးလက်ရှည်ကိုရွှေရောင်နုလေးအား ၀တ်ကာ လက်ကောက်၀တ်၌ အကောင်းစားမိန်းမ၀တ်နာရီအသေးလေးကိုပတ်ထားသေးသည်။ဆံနွယ်ရှည်ရှည်တို့က ခါးထိရှည်လျက် သေသပ်စွာစီးနှောင်ထားပြီး ကတ္တီပါဖိနပ်အမြင့်ကိုစီးထားသော သူမမှာ သိပ်ကိုကျက်သရေရှိကာ အိန္ဒြေအပြည့်ဖြင့် လှပသည်။မျက်လုံးအိမ်ကျယ်ကျယ်လေးနှင့် နှာတံမြင့်မြင့်၊နီရဲရဲနှုတ်ခမ်းပါးနှင့်အတူ ပါးမို့မို့လေးကလည်း တကယ်ကို မိန်းကလေးတို့အလှဆိုတာထက်ပိုသည်။
သက်မြဲတည်မှာ ထိုအမျိုးသမီးကိုမြင်ရခိုက်
မှင်သက်လို့သွားကာ ငေးကနဲဖြစ်သွားသည်။
လှလိုက်တာဟုပင်ပိုတဲ့အတွေးတွေထက် တကယ်ကိုလှပခြင်းနတ်ဘုရားမလိုပင်။"ဪ..အဲလက်စ်!အတိတ်မေ့နေတယ်ကြားတယ်၊နေကောင်းပါတယ်နော်။"
"အာ...ဟုတ်၊ကောင်းပါတယ်။"
ဟု ကြောင်တောင်တောင်ပြန်ဖြေလိုက်ရသည်။အဲလက်စ်နဲ့ဒီအမျိုးသမီးကသိကြတာလား..."စကားအကောင်းတွေပြောပုံထောက်ရင်
တို့ကို တကယ်မမှတ်မိတော့ဘူးထင်တယ် ဟင်းဟင်း~~""ဗျာ...အာ..ဟုတ်၊ကျွန်တော်အတိတ်မေ့သွားလို့ ဘာမှမမှတ်မိတော့လို့..."
အဆင်ပြေသလိုအလိုက်သင့်ဖြေလိုက်ရင်း ရေလိုက်ငါးလိုက်နေလိုက်ရတော့သည်။
မြင်ဖူးသလိုလိုရှိတယ်လို့ခံစားရပေမဲ့ မှတ်ဉာဏ်တွေက ၀ိုးတ၀ါးသာဖြစ်သည်။
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...