Part-12(Unicode)

740 76 5
                                    

"လက်ထဲမှာ ပိတောက်ပန်းတွေက ဘာလုပ်ဖို့လဲ။"

ဆေးတံကိုဖွာရှိုက်နေသည်မို့ အငွေ့တွေက တလူလူကလူလွင့်မျောလျက် မြို့အုပ်မင်းမှာ လက်ထဲက ပိတောက်ပန်းတွေကိုကြည့်ရင်းအမေးစကားဆိုလာသည်။

"အနောက်ဆောင်က ကြီးကြီးကပေးခဲ့တာ။မွှေးလည်းမွှေးတယ်..."

"ဟုတ်လား...ကျုပ်မွှေးကြည့်စမ်းပါအုံးမယ်..."
ဟုဆိုကာ အနားသို့တဖြည်းဖြည်းလျှောက်လာပြီး လက်ထဲကပိတောက်ပန်းခက်တွေဆီသို့ ခေါင်းငုံ့ကာ အနံ့ခံသည်။

"မွှေးသားပဲ..."

မျက်လုံးကိုအသာလှည်ကြည့်ရင်း အနည်းငယ်ပြုံးယောင်သမ်းလျက် ပြောလာတော့ သက်မြဲတည်မှာယောင်နနဖြစ်သွားသည်။

"ဟင်!အင်း ဟုတ်တယ်။"

"မပန်ဘဲ ဘာလို့ယူလာတာလဲ။"

"ဒီတိုင်းလှလို့ပါ။"

ရုတ်တရက်ဆိုသလို လက်ထဲက ပိတောက်တစ်ခက်ကိုအသာယူပြီး ဆံပင်တွေကိုနားရွက်နောက်သို့သပ်သိမ်းကာ ပန်ပေးလာသည်မို့ အံ့ဩသွားရကာ မျက်၀န်းအိမ်လေးမှာပြူးကျယ်သွားရသည်။

"......."

"မောင်မင်းနဲ့လိုက်တယ်.."

အနည်းငယ်ပြာချင်နေတဲ့ နှုတ်ခမ်းကိုကြည့်မိပြီး ဆေးတံထွက်လာတဲ့အနံ့တွေကိုလည်း ရှုရှိုက်မိလိုက်သည်။

"အာ...ကျွန်တော်ကယောင်္ကျားလေးကို..."

"ယောင်္ကျားတွေကလည်း ပန်းတွေနဲ့သက်ဆိုင်ခွင့်ရှိပါတယ်။သဘာ၀ရဲ့အလှတရားတွေကို မိန်းမတွေမှ၊ယောင်္ကျားတွေမှ ခံစားရမယ်လို့မရှိဘဲ.."

"ဒါဆို..."

"........."

"ဘာမှမဟုတ်တော့ပါဘူး။ကျွန်တော်အောက်ထပ်ကိုသွားတော့မယ်..."
ဟုဆိုကာ အခန်းထဲမှ လစ်ထွက်ပြီး အောက်ထပ်သို့ အမြန်​ရောက်လာခဲ့သည်။

မြို့အုပ်မင်းပြောလိုက်သော

"ယောင်္ကျားတွေကလည်း ပန်းတွေနဲ့သက်ဆိုင်ခွင့်ရှိပါတယ်။"ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါ မြို့အုပ်မင်းမှာလည်း ပွင့်လင်းတဲ့အမြင်အချို့ရှိကြောင်းသဘောပေါက်လိုက်သည်။

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Where stories live. Discover now