Part-2(Unicode)

1.2K 102 0
                                    

မိုးကောင်းကင်ယံမှတိမ်လွှာတို့ ဦးတည်ရာ
မရှိပျံ့နှံ့လျက် ရာသီဥတုသာယာသောနေ့တွင်ဖြစ်သည်။သက်ရှိသတ္တ၀ါအပေါင်းတို့ အရောင်အသွေးစုံလင်စွာ သက်၀င်လှုပ်ရှားနေကြပြီးတစ်နေ့တာကိုအသက်၀င်စေသည်။သို့သော်လည်း မဟိတ္တမ စံအိမ်တော်ကြီးအတွင်း၌ ဆူညံစွာထွက်ပေါ်လာသောစကားသံတို့လည်းရှိနေ၏။

"ဟာဗျာ...အစ်ကိုလေးရယ် မြို့အုပ်မင်းက အခေါ်တော်ရှိတာ ကျွန်တော်ဖြင့်ဘယ်လိုပြန်ပြောရမှာလဲ။"

"သက်မြဲတည်ကမလာချင်ဘူးတဲ့လို့ပြောလိုက်ပေါ့။"

"ဟာ!ကျွန်တော်မပြောရဲပါဘူး။မြို့အုပ်မင်းကိုဘယ်လိုလွန်ဆန်ရဲမှာတုန်းဗျာ...ဒီတိုင်းသာသွားလိုက်ပါ အစ်ကိုလေးရယ်။တကယ်လို့ အစ်ကိုလေးသွားမယ်ဆို အစ်ကိုလေးအကြောင်းတွေ ကျွန်တော်ပြောပြမယ်လေ။"

"တကယ်လား!"

"တကယ်ပေါ့ဗျာ"

"ကောင်းပြီလေ။ဒါဆို အပေါ်ထပ်ထိ ငါ့ကိုတွဲပြီးလိုက်ပို့...အကြောတွေကသိပ်မဟုတ်ချင်သေးလို့။"

ဤသို့ဖြင့် သက်မြဲတည်တစ်ယောက်
အောင်ချစ်၏ လိုက်ပို့မှုဖြင့် စံအိမ်ကြီး၏အပေါ်ထပ် မြို့အုပ်မင်းရှိရာသို့လာခဲ့သော်လည်း...

"ဘယ်မှာလဲ အဲ့လူ၊မရှိပါလား အောင်ချစ်။"

"အိမ်မကြီးနောက်ဘက်ခဏသွားတယ်ထင်တယ်ဗျ။အစ်ကိုလေးစောင့်နေနှင့်နော်...ကျွန်တော်အောက်ဆင်းပြီး မြို့အုပ်မင်းကိုပြောလိုက်မယ်။"

"အင်း.."

ကြီးမားတဲ့လက်ရန်း၀ရန်းတာရဲ့အဆုံးမှာ စံအိမ်ကြီးရဲ့အပေါ်ထပ်ကိုရောက်သည်နှင့်မြင်ရတာက ပန်းချီကားများစွာဖြစ်သည်။ဗိုလ်ချုပ်တွေနဲ့တွေ့ဆုံပုံ၊လက်မှတ်ရေးထိုးပွဲပုံတွေ၊မြို့အုပ်အဆက်ဆက်မိသားစုပုံတူတွေ၊ပြီးတော့...မြို့အုပ်မင်း၏ ခမ်းနားကြီးကျယ်စွာရေးဆွဲထားတဲ့ ပုံတူဆေးရေးပန်းချီကားကြီးကို သူမြင်လိုက်ရသည်။

"တကယ်ကိုအသေးစိတ်ကျကျဆွဲထားတာပဲ။မထီမဲ့မြင်ပုံစံကိုပါတခါတည်းခံစားရတယ်..ဒါပေမဲ့လည်း ဘာလို့ဒီလောက်ကြည့်ကောင်းနေတာလဲ။စိတ်တိုစရာ!"

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Where stories live. Discover now