Part-10(Unicode)

772 63 7
                                    

ဧပြီလ၏ နွေအငွေ့အသက်တို့ဟာ လေပြည်တို့အဝှေ့မှာ ဝေ့မျောပါရှိလာသော ပိတောက်ပန်းရနံ့တို့က သင်းပျံ့စွာဖြင့် အသက်၀င်လှသည်။ကံ့ကော်တို့ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ဖူးပွင့်လျက်ရှိကာ စိတ်ကြည်နူးဖွယ်အတိပင်ဖြစ်သည်။ကိုယ့်ယဥ်ကျေးမှု အစဥ်အလာနှင့်အုပ်ချုပ်ခွင့်မရသောနိုင်ငံရေးကြောင့်
ပြည်သူများမှာ စိတ်လိုလက်ရမပျော်ပါးနိုင်ကြသေးပေ...

"မြို့အုပ်မင်း ဘယ်သွားမလို့လဲ။"

"ကျုပ် အစည်းအဝေးတစ်ခုသွားမလို့..."

"လိုက်လို့ရမလား။"

"...."

"အပြင်မထွက်ရတာကြာတော့ပျင်းလို့ပါ။"

လွန်ခဲ့သော၃ရက်ကမှအပြင်ထွက်ထားသည်ကိုမပြောတော့ပါချေ။အခုတလော
ကောင်ငယ်လေးဟာ အနားမှာအမြဲရှိနေတတ်ပြီးစကားတွေရှာကြံပြောကာ အတူတူရှိနေတတ်သည်။အရင်ကလောက် ဆက်ဆံရေးမဆိုးတော့ဘဲ ခန့်ဦးသွင်ကြည်နှင့်အဆင်ပြေအောင်ကြိုးစားနေသည်မှာ
ကတ်ကတ်လန်ပြောတတ်သည့်အစွာလေးမဟုတ်သည့်အတိုင်းပင်ဖြစ်သည်။

"အစည်းအဝေးက အရေးကြီး.."

"ကျွန်တော့်ကိုယုံကြည်လို့ရပါတယ်။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကိုခန့်ဦး ဒါက ဘယ်သူလဲဗျ။"

"သူက.."

"အာ...ကျွန်တော်က မြို့အုပ်မင်းရဲ့ စာရေးပါ။သက်မြဲတည်လို့ခေါ်ပါတယ်ဗျ..."

"ဪ...အဲ့လိုကိုး။ကိုခန့်ဦးကလက်အောက်ငယ်သားခေါ်လာတာ အခုမှမြင်ဖူးတော့တာပဲ။လာဗျာ...အစည်းအဝေးစလိုက်ကြရအောင်။"

*အစည်းအဝေးစတင်ချိန်ဖြစ်သည်*

"မင်းပြားနဲ့မြောက်ဦးဘက်တွေမှာ ရခိုင်အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရတယ်လို့သတင်းရတယ်။"

"ဘယ်တပ်ကတဲ့လဲ။"

"အင်္ဂလိပ်တွေကအောက်က ကုလားစစ်သားတွေလို့ကြားတယ်...အရပ်သား ဘင်္ဂလီကုလားတွေနဲ့ပေါင်းပြီး အမျိုးသမီးတွေကို စော်ကားကြတယ်လို့ကြေးနန်းစာရခဲ့တာပါ။"

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Where stories live. Discover now