Part-17(Unicode)

185 13 1
                                    

မြို့အုပ်မင်းရဲ့ဦးလေးဖြစ်သူလာသွားကတည်းက သက်မြဲတည်တစ်ယောက် စိတ်လုံခြုံမှုတို့ကင်းမဲ့နေတာဖြစ်ပြီး တစ်ခါတစ်လေဆိုခပ်တွေတွေဖြင့် အတွေးတွေဖြန့်ကျက်နေတတ်သည်။မကြာခင်မှာ အဲလက်စ်ရဲ့အကြောင်းတွေကို သူအကုန်သေချာနားလည်တော့မလိုခံစားရသည်။ရောက်စကတည်းက အိပ်မက်ထဲမှာမြင်ခဲ့ရတဲ့လျှပ်တပြတ်ပုံရိပ်တွေကို အဆက်အစပ်ရှိအောင်ချိတ်ဆက်ကြည့်ရင်း ပုံဖော်နေရသည်မို့ သက်မြဲတည်ခင်မျာ တစ်နေကုန် စိတ်နဲ့လူနဲ့မကပ်နိုင်ပေ။

"အဲလက်စ်..."

"အဲလက်စ်.."

"ဗျ!"

"ဟာ အဲလက်စ် ကိုယ်ခေါ်နေတာကိုတောင်မကြားဘူးပဲ။ဘာတွေများအတွေးလွန်နေတာလဲ။"

"အာ မဟုတ်ပါဘူး ကျွန်တော်အခုတလောနည်းနည်းပင်ပန်းနေလို့ဖြစ်မယ်။စိတ်နဲ့လူနဲ့သိပ်မကပ်ချင်ဘူး....ဒါနဲ့ ကိုလွင်မင်းခေါင်က ဒီကိုဘာကိစ္စရှိလို့လဲဗျ။"

အိမ်တော်ရဲ့ဧည့်ခန်းထဲမှာထိုင်နေတဲ့
သက်မြဲတည်နားကို၀င်ထိုင်လိုက်တဲ့လွင်မင်းခေါင်ကို သူတကယ်သတိမထားမိလိုက်တာဖြစ်သည်။

"ဪ အထွေအထူးတော့မရှိပါဘူး
မြို့အုပ်မင်းနဲ့ကိစ္စလေးအချို့ရှိရုံပါဗျာ။"

"ဪ ဟုတ်။"

ထိုမျှသာပြောပြီးဘာမှထပ်ပြီးတုန့်ပြန်ခြင်းမရှိတော့သည့်သက်မြဲတည်အား ဘေးကနေ ထိုင်ငေးကာ စကားစတွေရှာဖို့ကြိုးစားသည်။
လွင်မင်းခေါင်ဘ၀မှာ ဒီကောင်လေးနဲ့ကျမှ ကို့ရို့ကားယားဖြစ်ရပြီး ပြောစရာတို့လည်းတကူးတကလိုက်ရှာနေရသည်။သူ့လိုပညာတတ် ဆရာ၀န်တစ်ယောက်ကို ရင်းနှီးသိကျွမ်းချင်သူတွေအများကြီးထဲမှာမှ လွင်မင်းခေါင်က သူ့အပေါ်အာရုံစိုက်မှုအနည်းငယ်တောင် မမျှဝေတဲ့ ဒီကောင်လေးကိုမှ အထူးတလည်အာရုံစိုက်ပြီး တစ်မျိုးတစ်မည်ခံစားရတာဖြစ်သည်။

အဲလက်စ်နှင့်မြို့အုပ်မင်းတို့အိမ်ထောင်ရေးမှာလည်း သူသိသလောက်ဆို အစေးကပ်နေကြတာတော့မဟုတ်။ကောလဟလတွေအရ ကွာရှင်းထားသည်ဆိုသည်မှာလည်းမှန်နိုင်ချေရှိသည်။အကယ်လို့များ သူ့မှာ အခွင့်အရေးသာရှိမယ်ဆို ဒီကောင်လေးကို သူ့အနားမှာထားပြီး ချစ်မေတ္တာတွေဝေမျှပေးဖို့ အတွေးရှိပါသည်။

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Where stories live. Discover now