၁၉၃၈ခုနှစ်
"ကိုခန့်ဉီး ကျွန်တော်တို့ကလေးမြို့ကိုသွားလည်ကြမလား။"
"ရာသီဥတုကအေးတယ် အဲလက်စ်ရဲ့၊မင်းက နေမကောင်းဖြစ်လွယ်တတယ်လေ။အရင်တစ်ခါ ကိုယ်တောင်ကြီးခေါ်သွားပေးတုန်းကလည်း ဖျားသွားသေးတာကို..."
"ကိုခန့်ဉီးက ကျွန်တော့်ကိုတကယ်မခင်ဘူးပဲ..."
နှုတ်ခမ်းလေးဆူကာ စူပုပ်ပုပ်လေးပြောလာတော့ ခန့်ဉီးသွင်ကြည်မှာ အရှုံးပေးဖို့ကလွှဲပြီးမတက်နိုင်တော့ပါ။ဒီကောင်လေးနဲ့သိလာတာ ၅လရှိပြီဖြစ်ပြီး ခုမှသိလာရတာက အဲလက်စ်ကတကယ့်ကိုဂျစ်တူးလေးပင်ဖြစ်သည်။
"ဟုတ်ပါပြီဗျာ...ကိုယ်လိုက်ပို့မှာမို့ စိတ်မကောက်နဲ့တော့နော်။"
ဟုသာဆိုနိုင်တော့သည်။"ကိုခန့်ဉီး...ကျွန်တော်ပြောစရာရှိလို့။"
"အင်း အဲလက်စ်၊ဘာများလဲ။"
"ကျွန်တော့်ကိုခင်တယ်မလား။"
"အင်း ခင်တာပေါ့၊မေးစရာတောင်မလိုတာကိုဗျာ။"
"ကျွန်တော်တို့ဘာကြောင့်ပဲ စသိကျွမ်းခဲ့သည်ဖြစ်စေ၊ဒီအခြေအနေလေးကနေ ကိုခန့်ဉီးပြောင်းလဲမသွားရဘူးနော်... "
"ဟဟ..အထူးအဆန်းတွေပြောနေပါလား
အဲလက်စ်၊ဖလော်ရီဒါကိုပြန်တော့မှာများလား။""ဟင့်အင်း...ကျွန်တော်မပြန်ချင်ပါဘူး၊ကိုခန့်ဉီးနဲ့အကြာကြီးရှိချင်သေးတာ..."
"ဟုတ်ပါပြီဗျာ၊အသံထွက်ရုပ်ရှင်တွေထုတ်တဲ့အခါကျ ကိုယ်တို့အတူတူသွားကြည့်ကြမလား။"
"ဟီး..တကယ်လား၊သွားကြတာပေါ့..."
ခန့်ဉီးသွင်ကြည်၏ဘ၀ထဲသို့ အဲလက်စ်ဟူသော ကောင်လေးဝင်လာပြီး ၆လအကြာတွင်တော့ အခြေအနေအရပ်ရပ်တို့ ပြောင်းလဲကုန်၏။အဲလက်စ်ဟာ ခန့်ဉီးသွင်ကြည်၏စိတ်အစုံကို ထိန်းချုပ်နိုင်စွမ်းရှိသည့် နတ်ဘုရားနှင့်တူသည်...သူ၏ စိတ်အာရုံ၊အပြုအမူနှင့် နှလုံးသားအတွင်းထိပါ နေရာယူနိုင်လာသည်အထိ ထိုကောင်ငယ်လေးဟာ ညို့ယူနိုင်စွမ်းကြီးသည်။သို့သော် နှလုံးသားကိုဉီးစားမပေးတတ်သည့်သူ့အတွက် ခံစားချက်များကိုဖုံးကွယ်ကာ မသိကျိုးကျွံပြုနေခဲ့သည်။
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...