Part-3(Unicode)

1K 70 0
                                    

၁၉၃၈ခုနှစ်

"ခန့်ဦးသွင်ကြည်လို့ခေါ်ပါတယ်။ဗမာ့အထွေထွေသတင်းဌာနပါ..."

"အဲလက်စ်လို့ခေါ်ပါတယ်။ဖလော်ရီဒါရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က အပျော်တမ်းဓာတ်ပုံဆရာပါ။"

"ဟဟ...အဲလက်စ်က ဗမာစကားကောင်းကောင်းပြောတတ်သားပဲ။"

"ရုပ်ရှင်ရိုက်ကူးရင်း ဒီမှာနေလာတာကြာပြီမို့ပါ။ခုတော့ ရုပ်ရှင်လောကကလူတွေလည်း ဘာမှလုပ်စားမရပါဘူးဗျာ..."

"ဒါတော့ ဟုတ်တယ်ဗျ...နိုင်ငံရေးကမကောင်းတော့ ရုပ်ရှင်ရိုက်ကူးရေးတွေအကန့်အသတ်မရှိရပ်ထားရတယ်။အသံတိတ်ရုပ်ရှင်ခေတ်ကိုပြောင်းလဲဖို့ကြိုးစားနေတယ်လို့တော့ ကြားမိသားဗျာ။"

"အိန္ဒိယကနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးတွေက အသံထွက်ရုပ်ရှင်တွေရိုက်ကူးနေတာကြာပြီလေ...ဒါကြောင့် ဖလော်ရီဒါဘက်ကလည်း ဗမာပြည်မှာ အသံထွက်ရုပ်ရှင်ရိုက်ကူးတာအောင်မြင်နိုင်တယ်လို့ တွက်မိတာမို့ ကြိုးစားနေကြတာပါ ကိုခန့်ဦး၊အာ...ကျွန်တော်ကိုခန့်ဦးလို့ပဲ ခေါ်လိုက်မယ်နော်။ကျွန်တော့်ထက်အသက်ပိုကြီးမယ်ထင်လို့ပါ..."

"ဟဟ..ရပါတယ်ဗျာ...အဆင်ပြေသလိုခေါ်ပါ။"

ပထမဆုံးစတင်တွေ့သည့်နေ့မှာပင် ခန့်ဦးသွင်ကြည်ဆိုသောထိုလူသားအပေါ်သို့ ပုံမှန်မဟုတ်သော ရင်ခုန်လှိုက်မောစိတ်တို့ဖြစ်တည်ခဲ့ရသည်။အဲလက်စ်ဆိုသော နီညိုစိမ်းရောင်မျက်လုံးတွေပိုင်ဆိုင်ထားသောကောင်လေးဟာ ခန့်ဦးသွင်ကြည်ဟူသော ထိုလူသားကို မြင်မြင်ချင်းမှာပင် မရိုးသားခဲ့သည်ထင်ပါသည်။

"အဲလက်စ် ဗမာပြည်ကိုရောက်တာ ဘယ်လောက်ကြာပြီလဲ။"

"အင်း....တော်တော်ကြာနေပြီဗျ။ပြန်ချင်ရင်ပြန်လို့ရပါတယ်။ရိုက်ကူးရေးတွေလည်းဆက်မလုပ်သေးတော့လေ...ပြီးတော့ ဒီနိုင်ငံမှာ ကျွန်တော့်ကို ပြန်မသွားချင်အောင် ဆွဲဆောင်နေတဲ့ရှုခင်းအလှသဘာ၀တွေကများတယ်လေ။"

"အဲ့သလိုလား...ကျွန်တော်တို့အကြာကြီးတွေ့ရအုံးမှာပဲ။"

ဖလော်ရီဒါကအပျော်တမ်းဓာတ်ပုံဆရာ၊ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့...အားလုံးက အလိမ်အညာတွေချည်းပါပဲ။အလိမ်အညာတွေစတင်၀င်ရောက်ခဲ့တဲ့ အစ်ကို့ဘ၀ထဲမှာ မှန်ကန်တာက အဲလက်စ်ဆိုတဲ့ နာမည်လေးတစ်ခုသာဖြစ်သည်။

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Wo Geschichten leben. Entdecke jetzt