"အစီအစဥ်တွေအကုန်လက်လျှော့လိုက်ရတယ်။ကျုပ်တို့ရဲ့ အစီအစဥ်တွေကို သိနေပုံပဲ...ရုတ်တရက် ဂျပန်စစ်အင်အားတွေတိုးချဲ့လိုက်ပြီး ရန်ဂွန်းမှာအပြည့်ဖြန့်ကျက်ထားပြီ။"
"သူလျှိုတွေရှိနေတာပဲ။ဘယ်လိုလုပ်ကြမလဲ ကိုအောင်ဆန်း.."
"ခဏတော့ငြိမ်နေမှဖြစ်မယ်။အခုအခြေအနေနဲ့တော့ ဘာမှလုပ်လို့မရတော့ဘူး။ဆိုင်းအံ့ခွန်ကိုလည်းအကြောင်းကြားလိုက်ပြီး ကိုခန့်ဦးတို့လည်းအစစအရာရာဂရုစိုက်ပါ။"
အစည်းအဝေးကျင်းပပြီးနောက် နိုင်ငံအနှံံ့ကခေါင်းဆောင်တွေဆီသို့ အစီအစဥ်ရပ်နားကြောင်း သတင်းပို့ရသည်။ကြေးနန်းကပို့ရင်ကြာနိုင်တာမို့ ဆတ်သားလွှတ်ကာအကြောင်းကြားရသည်။
"မြို့အုပ်မင်း ခရီးသွားမယ်ဆိုပြီး ချက်ချင်းပြန်ရောက်လာပါလား။"
"....""
"ကျွန်တော်ထင်တာပြောရရင် ၂၇ရက်နေ့တော်လှန်ဖို့လုပ်ထားတာမလား...."
"မောင်မင်း..ဘယ်လိုသိတာလဲ။"
"ဒီတိုင်းသိ..တာပါ။ပြီးတော့ ဖက်ဆစ်တော်လှန်ရေးက၄၅(၁၉၄၅)ခုနှစ်မှ ဖြစ်မှာပါ..."
"မောင်မင်းဘာတွေပြောနေတာလဲ။"
၁၉၄၅၊ဧပြီလ၂ရက်ဟုသတ်မှတ်ထားသော နိုင်ငံလုံးဆိုင်ရင် ဖက်ဆစ်တော်လှန်ရေးကြီးကို အခြေအနေအရပ်ရပ်ကြောင့် မတ်လ၂၇ရက်နေ့သို့ပြောင်းရွှေ့ပြီး ထိုနေ့တွင် တောင်ပေါ်မြေပြန့်မကျန် ဖက်ဆစ်ကိုတော်လှန်တိုက်ခဲ့ကြသည်။ထို့ကြောင့် မတ်လ၂၇ရက်ကိုတော်လှန်ရေးနေ့ဟုခေါ်တွင်ကြသည်။
သက်မြဲတည်သမိုင်းမှာဖတ်ဖူးပါသည်။သမိုင်းရဲ့အလုံးစုံသောအကြောင်းအရာများကိုစိတ်မ၀င်စားခဲ့သူမို့ သိပ်မသိသော်လည်း ကံကောင်းစွာပင် ၁၉၀၀နောက်ပိုင်းသမိုင်းတွေကို Projectတစ်ခုလုပ်ရင်း သမိုင်းပြုစုခဲ့ရသည်မို့ မှတ်မိနေခြင်းဖြစ်သည်။
"ဘာမှမဟုတ်တော့ပါဘူး။ဒီတိုင်း..ထားလိုက်ပါတော့။"
"မောင်မင်းလား သတင်းပေးလိုက်တဲ့လူ.."
"ဗျာ...ဘာတွေပြောနေတာလဲ။"
"ကျုပ်တို့အစီအစဥ်ပျက်သွားတာ ကြိုသတင်းပေးသူတွေရှိနေလို့ပဲ။မောင်မင်းတို့လို ဖက်ဆစ်ခြေထောက်အောက်မှာ ပြားပြား၀ပ်ခစားနေသူတွေပဲ ဒီလိုအလုပ်ကိုလုပ်မှာ။မောင်မင်းက အရင်ကတည်းက ဒီလိုလူ
ပဲလေ..."
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...