၁၉၃၉ခုနှစ်
"ကိုကို ကျွန်တော်တို့လက်ထပ်ကြမယ်နော်.."
"သေချာလို့လား အဲလက်စ်ရဲ့။ကိုယ်ကနိုင်ငံရေးသမားနော်..အရှုပ်အထွေးတွေကြားထဲမင်းကိုဆွဲသွင်းရမှာ ကိုယ်မလိုချင်ဘူး။"
"ဒီမယ် မြို့အုပ်မင်းအလောင်းအလျာကြီး...ကျွန်တော်တကယ်ချစ်လို့ လက်ထပ်မယ်လို့ပြောတာကို မယုံတာလားလို့!"
"အဆိုးလေးကတော့...ကိုယ်မယုံလို့ပြောတာမှမဟုတ်ဘဲကွာ။မင်းနဲ့စတွေ့တုန်းက ကိုယ်က သတင်းထောက်တစ်ယောက်ပါလို့ လိမ်ခဲ့မိတာကိုလည်း နောင်တရနေတာ၊ကိုယ်ကနိုင်ငံရေးထဲမှာပါဝင်နေတာမို့မရှုပ်ထွေးစေချင်ခဲ့လို့ လိမ်ပြောခဲ့မိတာ..."
"ဟာ ကိုကို......လို့..ကျွန်တော်အားလုံးကိုလက်ခံနိုင်ပါတယ်ဗျာ။နော်...ကိုကို့ကို အများကြီးချစ်တာမို့ လက်ထပ်ကြမယ်နော်။"
"ကိုယ်ကမင်းကို ရှုခင်းလှလှလေးတွေကို ခံစားရင် အေးအေးဆေးဆေးဓာတ်ပုံရိုက်နိုင်တဲ့ လူအဖြစ်မြင်ချင်တာ၊ကိုယ့်ဘ၀ထဲဝင်လာရင် မင်းရဲ့ဓာတ်ပုံဆရာဘ၀လေးတော့ ခက်ခဲတော့မှာပဲ အဆိုးလေးရာ.."
ကျွန်တော်က ကိုကို့ထက်ကို ပိုလိမ်ညာခဲ့တာသိတဲ့တစ်နေ့ကျ ကျွန်တော့်ကို ဘယ်လိုများထင်သွားမလဲ....ဟင့်အင်း..ကိုကို မသိအောင်ကြိုးစားသွားမှာ
"ဟီးဟီး..ကျွန်တော်လုံးဝအဆင်ပြေပါတယ်ဆို ကိုကိုဘာမှစိတ်မပူနဲ့နော်၊အများကြီးချစ်တယ်။"
"ဘယ်သူ့ကိုတုန်းဗျ.."
"ကိုကို့ကိုလေ။"
"မယုံဘူး၊သက်သေပြ.."
*ပြွတ်စ်*
"ဒါလေးနဲ့မရဘူးလေ၊ကိုယ်ကထပ်လိုချင်သေးတာ။"
"ကိုကိုနော်၊ယူတောင်မယူရသေးတာကို ဘာတွေလိုချင်နေတာလဲလို့.."
"ဟားဟား~ကိုယ်က စတာပါဗျာ..."
ထိုလူနှင့် တဖြည်းဖြည်း နီးစပ်လာခဲ့ပြီ။နောက်ဆုံးတော့ ထိုလူ့ဘ၀ထဲထိဝင်ရောက်နိုင်တော့မည်ဖြစါသည်...လက်ထပ်ပြီးသည်နှင့် ဒီဇာတ်လမ်းတွေအဆုံးသတ်ရမှာဖြစ်သော်လည်း သူတကယ်ကိုပင် ချစ်မိသွားခဲ့ပြီထင်ပါရဲ့...
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...