ယနေ့ကား ခရစ်နှစ် ၁၉၄၂ခုနှစ် မတ်လ၂၄ရက်ဖြစ်၏။နွေဦးသို့ရောက်သည်နှင့် သစ်ရွက်အဟောင်းတို့ကြွေလွှင့်ကာ သရက်ပင်မှ သရက်ဖူးနံ့သင်းသင်းလေးကိုလေအဝှေ့တွင် မျောပါလာသည်ကို ရှုရှိုက်ရသည့်အချိန်လည်းဖြစ်ပေသည်။နွေဦးကံ့ကော်တို့က ကြိုင်လှိုင်စွာပွင့်လျက် မွှေးပျံရိုးရှင်းစွာဖြင့် ပွင့်ဖူးနေကြပြီဖြစ်သည်။သာယာအေးချမ်းသောသဘာ၀အချိန်ဖြစ်သော်ငြား နိုင်ငံမှာ မအေးချမ်းနိုင်သေးပေ။
"သွားကြမယ် မောင်မင်း.."
"ပိုက်ဆံတွေရော အများကြီးပါလား။လျှောက်သွားတယ်ဆိုပေမဲ့ ကျွန်တော့်မှာတစ်ပြားမှမရှိဘူး..."
"ကျုပ်မှာပါတာမို့ ကားပေါ်တက်လိုက်တော့။"
"ကျွန်တော်..ဒီကားမစီးချင်ဘူး
မြို့အုပ်မင်း...""ကျုပ်က ဒီကားကိုပဲသုံးတယ်။ဒီကားမစီးချင်ရင်ကိုယ့်ဘာသာ တစ်မြို့လုံး လမ်းလျှောက်သွား.."
"ကျွန်တော်ပြောတာ အဲ့ဒီသဘောမဟုတ်ပါဘူး။ဟိုနေ့က အောင်ချစ်နဲ့ မြို့ထဲကိုလိုက်သွားတော့ ကားရှည်ရှည် မြင့်မြင့်ကြီးတွေတွေ့ခဲ့တယ်။အဲ့ကားစီးချင်လို့..."
"ဘယ်ကားကိုပြောတာလဲ။"
"ဟိုလိုလေ...ဘေးမှာအပေါက်တွေနဲ့ ကားကရှည်ပြီးမြင့်တယ်လေ။လူတွေအပြည့် စီးနေကြတာ...ကျွန်တော်အဲ့လိုကားကို ဟယ်ရီပေါ်တာထဲမှာတွေ့ဖူးတယ်။အပြင်မှာတော့မမြင်ဖူးခဲ့ဘူး..."
"ဟယ်ရီပေါ်တာက ဘယ်ကကောင်လဲ။"
မျက်မှောင်ကြုံ့ကာဖြင့် အလိုမကျသောမျက်နှာပြင်က ဟယ်ရီပေါ်တာတောင်မသိကြောင်း သိသာလှသည်။အေးလေ...သူက ၂၀ရာစုကဘဲအိုကြီးကိုး...ဟယ်ရီပေါ်တာကိုဘယ်သိမလဲ။
"အာ ဟယ်ရီပေါ်တာက ကျွန်တော်အကြိုက်ဆုံးပါ။"
"ဟက်!အရင်ကတော့"ကိုကို့ကိုချစ်တယ်"တွေ တဖွဖွ ပြောခဲ့ပြီးမှ ခုကျတော့ ဟယ်ရီပေါ်တာဆိုတဲ့ကောင်ကို ကြိုက်နေတယ်ပေါ့လေ။"
"ဟမ်...ဘာတွေပြောနေတာလဲ..."
ဟယ်ရီပေါ်တာကိုကြိုက်တယ်ပြောမိတာကို ဘာတွေဒီလောက်အလိုမကျဖြစ်နေရလဲ
သက်မြဲတည်လည်းမသိပါ။
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...