"ရုတ်တရက်ကြီး ရှင်းနဲ့အဆက်အသွယ်မရတော့ဘူး အံ့ခွန်..."
ရှင်းတို့ဆီက ဦးလေးလာခေါ်ပြီးနောက်
ရန်ကုန်မှာရှိနေခဲ့ပေမဲ့ ပြောလေ့ရှိသည့်ကရှမ်းပြည်ကရှင်းဆိုတဲ့ကောင်လေးအကြောင်းပင်ဖြစ်သည်မို့ ခန့်ဦးသွင်ကြည်အတွက်ထိုလူဟာ အရေးပါမှန်း ဆိုင်းအံ့ခွန်သိပါသည်။"တယ်လီဖုန်းနဲ့ရော ဆက်သွယ်ကြည့်သေးလား။"
"အင်း မရဘူး၊ကြေးနန်းစာတွေလည်းပို့တယ်....ပြန်စာမလာဘူး၊စာတွေကရှင်းဆီရောက်ရောရောက်သလားပဲ။"
"လိုက်သွားပြီးတွေ့ကြည့်မလား ခန့်ဦး.."
"ဟင့်အင်း...ကိုအောင်ဆန်းတို့နဲ့အစီအစဥ်တွေကလည်း လုပ်နေပြီဆိုတော့ ရန်ဂွန်းမှာငါရှိနေမှဖြစ်မှာ...မင်းရော ဒီတလောဘာကိစ္စတွေရှိနေလဲ။"
"ထွေထွေထူးထူးတော့မရှိပါဘူး။မင်းအဆင်ပြေရင်ငါလိုက်သွားပြီးတွေ့ကြည့်ပေးရမလား။"
"အင်း အဆင်ပြေသားပဲ အံ့ခွန်...ငါလည်းသူ့ကို ဒီကြားထဲမတွေ့တာတောင်ကြာခဲ့ပြီ။တူတူနေတုန်းကရယ်၊ရှင်းရဲ့၁၉နှစ်မွေးနေ့မှာရယ် ရန်ဂွန်းကိုခဏလာတုန်းကရယ်၊အခုဆို ရှင်း ၂၉နှစ်ပြည့်မွေးနေ့ရောက်တော့မှာ..."
"စိတ်မပူနဲ့၊ငါသွားလိုက်မယ်။"
သူငယ်ချင်း၏ စိုးရိမ်မှုကိုသိသော
ဆိုင်းအံ့ခွန်က ရှမ်းပြည်ထိသွားပြီး ရှင်းကိုတွေ့ဖို့သွားခဲ့ပေမဲ့ မတွေ့ခဲ့ပါ။ရှမ်းပြည်အနှံ့စုံနေအောင်မေးမြန်းစုံစမ်းခဲ့ပေမဲ့ ရှင်းဘယ်မှာလဲဆိုတာ သိတဲ့လူမရှိ..ဆက်သွယ်စရာမိသားစု၀င်တွေလည်းမရှိ။
ခန့်ဦးသွင်ကြည်ပေးလိုက်သော ဓာတ်ပုံကိုကြည့်ရင်း အရွယ်ရောက်ပြီးသား ယောင်္ကျားတစ်ယောက်က ရုတ်တရက်ကြီး ဘာလို့ပျောက်သွားရသလဲ နားမလည်နိုင်တော့ပါ။"ညီလေး...စိတ်မရှိပါနဲ့။ဒီဓာတ်ပုံထဲကလူကိုတွေ့ဖူးလား...အပြင်မှာတော့ ပုံထဲကထက်နည်းနည်းအသက်ကြီးမယ်၊၂၉ ၃၀လောက်..."
အနားကိုကပ်ကာ ဓာတ်ပုံကိုပြရင်းမေးလာသောလူကြောင့် ဟက်ကနဲရယ်မိသည်။သို့သော်ထိုလူကသတိမထားမိ...
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...