*ပထမဆုံးရင်ခုန်သံဖြစ်တည်သည်နေ့*
ဘရွတ်ကင်းလမ်းကိုသွားသည့်အခိုက် ကတ္တီပါဖိနပ်ဆိုင်မှ ထင်းကနဲဖြစ်နေသော ဖိနပ်ပါးလေးအား မျက်စိထဲစွဲနေသည်
နှင့်၀ယ်လာခဲ့သည်။မဟိတ္တမစံအိမ်တော်သို့ရောက်သည်နှင့် အလုပ်လက်ကျန်များကိုလက်စသတ်ကာရေချိုးရန်ပြင်နေစဥ်
ခေါ်ထားသောလူရောက်လာသောကြောင့်
အဲလက်စ်အား ပြင်ဆင်ပေးရန် ပြောပြီးနောက် သူသည်လည်းရေချိုး၊အ၀တ်အစားလဲပြီးသည်နှင့် အောက်ထပ်သို့ဆင်းလာသောအခါ မြင်လိုက်ရတဲ့ပုံရိပ်လေးကြောင့် မှင်သက်လို့သွားသည်။အဲလက်စ်က တကယ်ကိုမိန်းကလေးလို
လှနေသည်။ပြင်ဆင်၀တ်စားပေးထားတဲ့သူ့ရဲ့ပုံစံလေးက ကြည်လင်ပြီး ချစ်ဖို့ကောင်းနေသည်ကို ၀န်ခံရလိမ့်မည်။သို့သော်
အပြင်ပန်း၌ ထိုစိတ်တို့ ပေါ်လွင်ခြင်းမရှိအောင်မျက်နှာထားကိုတည်နေရသည်။ဖိနပ်စီးပေးရန် ခြေဖမိုးလေးကိုထိတွေ့လိုက်ရတဲ့အခါ သွေးကြောမျှင်စိမ်းစိမ်းလေးတွေက သူ့ကို အကြည့်မခွာဖြစ်စေပြီး တမူထူးခြားသောပုံစံလေးကို နစ်မြောချင်နေမိသည်။ပထမဆုံးမိန်းကလေးပုံစံကို ပြောင်းလဲသွားတဲ့ အခြားလူပုံစံနဲ့တွဲပြီးမြင်ရခြင်းဟာ ခန့်ဦးသွင်ကြည်အတွက် ရင်ခုန်မှုကိုဖြစ်စေခဲ့ပါသည်။
*အဲလက်စ်နှင့်အတူအပြင်ထွက်ကာ စျေး၀ယ်ကြရင်း ပြန်လာသည့်နေ့ကဖြစ်သည်။*
"အားး...ဗိုက်က..!!"
ညသန်းခေါင် မဟိတ္တမစံအိမ်ကြီး၏ အပေါ်ထပ်မှ ဆင်းလာသည့်အခိုက် ဝေဒနာခံစားနေရသော ညည်းညူသံကိုကြားလိုက်ရသည်မို့ တစ်နေကုန် အစားပေါင်းစုံစားပြီး ဗိုက်အောင့်နေပြီကိုသိလိုက်ရသည်။၀ယ်ထားသောဆေးကို အပေါ်ထပ်သို့တက်ကာ ပြန်ယူလျက် ရေနံဆီမီးခွက်ကိုကိုင်ကာ တံခါးခေါက်တော့ အသင့်ပွင့်နေသည်မို့ ၀င်လာခဲ့ပြီး ဆေးတိုက်ဖို့လုပ်ရသည်။ဆေးကခါးသည်ဟု အထွန့်တက်ကာ ရှုံ့မဲ့နေသောကောင်လေးကြောင့် မရမက တိုက်တွန်းကာ ချိုတာတစ်ခုခုကျွေးမည်ဆိုမှ အတင်းမြိုချကာသောက်သည်။စံအိမ်အနောက်ဘက်မှ မီးဖိုဆောင်သို့သွားကာ နို့ခဲလေးတွေယူလာပြီးကျွေးမှ စိတ်ကျေနပ်သွားပုံရသောမျက်နှာက ရေနံဆီမီးခွက်အောက်တွင် လင်းလက်လို့လာသည်။
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစၥာၿမဲေစ ခ်စ္သက္ေသ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...