Part-11(Unicode)

753 61 7
                                    

မက်ခဲ့သည့်အိပ်မက်တွေဟာ တုန်လှုပ်ချောက်ချားစရာကောင်းလှပြီး အိပ်မပျော်
သည့်ညတွေများခဲ့သော်လည်း မြို့အုပ်မင်းနဲ့အတူအိပ်ချိန်မှစပြီး အိပ်မက်ဆိုးများမက်ခြင်းမရှိဘဲ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။အခုဆိုရင် မြို့အုပ်မင်းရယ်၊
သက်မြဲတည်ရယ်၊ကလေးလေးရယ်ဖြစ်ပြီး
မဟိတ္တမစံအိမ်တော်ကြီးဟာလည်း ကလေးချော့မြူသံတို့ဖြင့်ပိုမိုအသက်၀င်လာခဲ့သည်။

"ပိစိ~မုန့်မုန့် ရော့~"

"ပိစိ~~ကိုကို့ဘက်လှည့်ပါအုံး။"

အောင်ချစ်က ကလေးငယ်၏ အာရုံစိုက်မှုကိုရယူရန်ဘီစကွတ်မုန့်တွေဖဲ့ကျွေးရင်း
ဆွဲဆောင်နေသည်။ပိစိလေးမှာ မဟိတ္တမစံအိမ်တော်ကြီး၏ မြက်ခင်းပြင်ကြီးပေါ်၌ လေးဖက်ထောက်သွားနေသည်က ခြေထောက်အားကလည်းသန်လှသည်မို့
ဖမ်းလို့ကိုမမိနိုင်ပါ။သက်မြဲတည်နှင့်
မြို့အုပ်မင်းမှာ အမွေစားအမွေခံကိစ္စနှင့်ပက်သတ်ကာ ကလေးအမေနှင့် စာချုပ်ချုပ်ဆိုရန် အပြင်သွားကြသည်မို့ အောင်ချစ်က ပင်တိုင်ကလေးထိန်းဖြစ်သည်။
ကလေးရောက်လာပြီးနောက်ပိုင်း ၁၈နှစ်သားလေးကအဖက်ကိုမလုပ်တော့သည်မို့ ဆိုင်းအံ့ခွန်တစ်ယောက် စိတ်မကြည်ချင်တော့ပါ။

"ကလေးကိုပဲဘာတွေကျွေးနေတာလဲ။
ကိုယ့်ကိုလည်းကျွေး!"

"ရော်..တစ်မနက်လုံးနောက်ကနေတကောက်ကောက်လိုက်ပြီး ရစ်နေတာ ခင်ဗျားဘာဖြစ်နေသလဲ။"

ဆိုင်းအံ့ခွန်၏ မျက်နှာမှာ ရှုံ့မဲ့လျက် စိတ်ကောက်နေသည့်ကလေးလိုပြုမူနေသည်မှာ မနက်ကတည်းကနေ အခုထိပင်ဖြစ်သည်။

"သ၀န်တိုလို့ပေါ့ဗျာ..."
ဟု နှုတ်ခမ်းတထော်ထော်နှင့်ပြောတော့ အောင်ချစ််မှာ မျက်လုံးကလယ်ကလယ်ဖြင့်သာ ကြည့်မိတော့သည်။ဒီလူဟာ သိပ်ကိုမလွယ်တာပါလား...

"ဒါနဲ့ ကလေး...အဲ့ပေါက်စနာမည်က
ဘာတဲ့လဲ။"

"နာမည်သေချာမပေးရသေးလို့ ပိစိလို့ပဲခေါ်နေတာ။ဒါနဲ့နေစမ်းပါအုံး၊ဘယ်သူက ကလေးလဲ..."

"ဟောဒီ၁၈နှစ်သားလေးက ကိုယ့်ကလေးပေါ့ ဟီး~~"

"ခင်ဗျားတော့ ရူးနေပြီပဲ။"

သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)Where stories live. Discover now