ဧပြီလ၏ နွေအငွေ့အသက်တို့ဟာ လေပြည်တို့အဝှေ့မှာ ဝေ့မျောပါရှိလာသော ပိတောက်ပန်းရနံ့တို့က သင်းပျံ့စွာဖြင့် အသက်ဝင်လှသည်။ကံ့ကော်တို့ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ဖူးပွင့်လျက်ရှိကာ စိတ်ကြည်နူးဖွယ်အတိပင်ဖြစ်သည်။ကိုယ့်ယဉ်ကျေးမှု အစဉ်အလာနှင့်အုပ်ချုပ်ခွင့်မရသောနိုင်ငံရေးကြောင့်
ပြည်သူများမှာ စိတ်လိုလက်ရမပျော်ပါးနိုင်ကြသေးပေ..."မြို့အုပ်မင်း ဘယ်သွားမလို့လဲ။"
"ကျုပ် အစည်းအဝေးတစ်ခုသွားမလို့..."
"လိုက်လို့ရမလား။"
"...."
"အပြင်မထွက်ရတာကြာတော့ပျင်းလို့ပါ။"
လွန်ခဲ့သော၃ရက်ကမှအပြင်ထွက်ထားသည်ကိုမပြောတော့ပါချေ။အခုတလော
ကောင်ငယ်လေးဟာ အနားမှာအမြဲရှိနေတတ်ပြီးစကားတွေရှာကြံပြောကာ အတူတူရှိနေတတ်သည်။အရင်ကလောက် ဆက်ဆံရေးမဆိုးတော့ဘဲ ခန့်ဉီးသွင်ကြည်နှင့်အဆင်ပြေအောင်ကြိုးစားနေသည်မှာ
ကတ်ကတ်လန်ပြောတတ်သည့်အစွာလေးမဟုတ်သည့်အတိုင်းပင်ဖြစ်သည်။"အစည်းအဝေးက အရေးကြီး.."
"ကျွန်တော့်ကိုယုံကြည်လို့ရပါတယ်။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ကိုခန့်ဉီး ဒါက ဘယ်သူလဲဗျ။"
"သူက.."
"အာ...ကျွန်တော်က မြို့အုပ်မင်းရဲ့ စာရေးပါ။သက်မြဲတည်လို့ခေါ်ပါတယ်ဗျ..."
"ဪ...အဲ့လိုကိုး။ကိုခန့်ဉီးကလက်အောက်ငယ်သားခေါ်လာတာ အခုမြှမင်ဖူးတော့တာပဲ။လာဗျာ...အစည်းအဝေးစလိုက်ကြရအောင်။"
*အစည်းအဝေးစတင်ချိန်ဖြစ်သည်*
"မင်းပြားနဲ့မြောက်ဉီးဘက်တွေမှာ ရခိုင်အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရတယ်လို့သတင်းရတယ်။"
"ဘယ်တပ်ကတဲ့လဲ။"
"အင်္ဂလိပ်တွေကအောက်က ကုလားစစ်သားတွေလို့ကြားတယ်...အရပ်သား ဘင်္ဂလီကုလားတွေနဲ့ပေါင်းပြီး အမျိုးသမီးတွေကို စော်ကားကြတယ်လို့ကြေးနန်းစာရခဲ့တာပါ။"
"တောက်!!တော်တော်ယုတ်မာနေတဲ့ဟာတွေပဲ။ဂျပန်ကယုတ်မာလိုက်၊အင်္ဂလိပ်ကယုတ်မာလိုက်နဲ့ကျုပ်တို့လူမျိုးတွေကို စော်ကားရဲသလား!!"
YOU ARE READING
သစ္စာမြဲစေ ချစ်သက်သေ(သစ္စာမြဲစေ ချစ်သက်သေ)
Historical Fiction၂၀၃၅ကနေ ၁၉၄၂ခုနှစ်ကိုရောက်ရှိလာတဲ့ ကောင်လေးတစ်ယောက်...၁၉၄၂ခုနှစ်ကအိမ်ထောင်ရေးအရှုပ်အထွေးတွေနဲ့ နာကျင်စရာမှတ်ဥာဏ်တွေ...မြို့အုပ်မင်းနဲ့ယူထားတဲ့ထိုကောင်လေးဟာ အချစ်မခံရဘဲ ဆိုး၀ါးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရပြီးနောက် သေဆုံးခြင်းလမ်းမှာ လူတစ်ယောက်နဲ့အတူ ကံကြ...