𝐈𝐧𝐭𝐫𝐨

6.8K 323 44
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

𝑻𝒂𝒄𝒉𝒊-ဝေဟင်ကိုကိုး
𝑵𝒆𝒌𝒐-ဝေးဥဩ

ချစ်သူတွေဖြစ်နေတဲ့၃နှစ်အတွင်းမှာပဲ
တစ်ယောက်အကြောင်းတစ်ယောက်
ကောင်းကောင်းသိခဲ့ကြပြီးနှစ်ဦးသဘောတူ
လက်ထပ်ခဲ့ကြတဲ့သူတို့နှစ်ယောက်။

[လက်ထပ်ပြီးခါစမှာအရမ်းကိုကြည်နူးဖို့
ကောင်းပြီးရိုမန့်တစ်ဖြစ်လွန်းတဲ့
အိမ်ထောင်ရေးမှာဤသို့ဤပုံရှိ၏]

မနက်ခင်းနိုးထလာတာနဲ့ဝေးဥသြရဲ့
ကျောဘက်မှာအနွေးဓာတ်ကိုခံစားရပြီး
မိမိခါးပေါ်မှာလည်းအကြောစိမ်းလေးတွေ
ယှက်ဖြာနေတဲ့လက်တွေကရစ်သိုင်းထား
သည်၊နူးညံ့သောအပြုံးလေးကိုပြုံးလိုက်မိ
ကာလက်တွေကိုအသာအယာဖယ်ထုတ်ပြီး
မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်၊
အိပ်မောကျနေတဲ့ချစ်ရသူရဲ့မျက်နှာကိုမနက်
နိုးတိုင်းကြည့်ရတဲ့ခံစားချက်ကသိပ်ကိုလှပ
လွန်းပါသည်၊ဒီလူသားဟာငါ့အပိုင်ဖြစ်နေပါ
လားဆိုတဲ့စိတ်လေးကလည်းတစ်နည်း
တစ်ဖုံဖြင့်ကြည်နူးစရာကောင်းနေလှသည်။

ဖြတ်ကနဲပွင့်လာတဲ့ကိုးရဲ့မျက်လုံးတွေမှာ
ဥဩကိုနူးနူးညံ့ညံ့ကြည့်ရင်းပြုံးလာ
လေသည်၊ကိုးရဲ့မျက်စိရှေ့မှာမြင်နေရတဲ့
အေးချမ်းသောအပြုံးလေးနဲ့ချစ်ရသူမှာ
သိပ်ပြီးလှပလွန်းနေသည်၊ကြည့်နေရုံနဲ့
တင်အလိုလိုအချစ်စိတ်တွေတက်လာတဲ့
အထိဒီအမျိုးသမီးလေးကို'ကိုး'သိပ်ချစ်
ပါသည်။

"မ နိုးနေတာကြာပြီလား"

အိပ်ရာနိုးခါစမို့ခပ်အက်အက်ဖြစ်နေတဲ့
က်ိုးရဲ့အသံလေးကမနက်ခင်းစောစောမှာ
တစ်ကယ်သာယာမှုအတိဖြစ်နေသည်၊

"အခုလေးမှနိုးတာ"

"ကိုးကိုခိုးပြီးစိုက်ကြည့်နေတာပေါ့"

"မဟုတ်ပါဘူး ပေါ်တင်ကြည့်တာ အခုဆို
ကိုးကဘယ်သူ့အပိုင်ဖြစ်နေပြီမို့လို့လည်း"

ကိုးရဲ့ရယ်သံခပ်ဟဟကပြန့်လွင့်လာပြီး
ဝေးဥဩကိုဖက်လာသည်၊

"မ ကိုအရမ်းချစ်တယ်"

"အင်း ငါလည်းကိုးကိုချစ်တယ်"

ကြာကြာဝါးမှခါးမှန်းသိWhere stories live. Discover now