𝐏𝐚𝐫𝐭.22

1.4K 188 9
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ကိုးမှာဘယ်လိုကနေဘယ်လိုဆေးရုံကိုရောက်လာလည်းမသိတဲ့ဝေးဥဩကြောင့်အံ့ဩနေပေမဲ့ပြန်လည်ဖက်တွယ်ပေးထားလိုက်သည်၊ဘာလို့ဆိုဝေးဥဩပုံစံလေးကအရမ်းလန့်ပြီးကယောင်ကတမ်းဖြစ်နေတဲ့ပုံပေါ်နေလို့ပင်၊

"ဟင့် အီး ကိုးဘာမှမဖြစ်ဘူးနော် တစ်ခုခုဖြစ်သွားပြီထင်နေတာ!"

"ဘာလို့လည်း'မ'ရယ် ကိုးကဘာဖြစ်ရမှာလည်း"

ဝေးဥဩကကိုးရင်ခွင်ထဲလုံးလုံးရောက်နေပြီးခါးကိုလည်းတင်းနေအောင်ဖက်ထားသေးသည်၊နောက်ကနေလိုက်ပြေးလာတဲ့အေးချမ်းညီမှာလည်းထိုမြင်ကွင်းကိုမြင်မှသက်ပြင်းချနိုင်ပြီးကြမ်းပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချမိလိုက်တော့သည်၊သူ့မှာပြေးသာပြေးလိုက်လာရတာဘာတွေဖြစ်သွားလို့ဖြစ်သွာမှန်းမသိလိုက်ဘူးလေ။

တင်းတင်းကျပ်ကျပ်ဖက်တွယ်ပြီးစကားပြောနေတဲ့ဝေးဥဩနဲ့ကိုးကိုလူနာလာပို့တဲ့လူတွေကလည်းမသိမသာတစ်မျိုးသိသိသာသာတစ်မျိုးအကဲခတ်စိုက်ကြည့်နေလေသည်၊ဘာလို့ဆိုအရပ်မြင့်မြင့်နဲ့ခပ်ချောချောကောင်မလေးရဲ့ရင်ခွင်ထဲက်ိုနုနုဖက်ဖက်နဲ့ကောင်မလေးကကိုယ်လုံးလေးပျောက်ဝင်မတတ်ဖက်တွယ်ထားလို့လေ။

ထိုမြင်ကွင်းလေးကဘဘာဝမကျရင်တောင်ဘယ်လောက်ထိကြည်နူးစရာကောင်းလည်းဆိုရင်သူတို့အကုန်လုံးကြောင်အစွာငေးနေမိသည်အထိ။

"ဟင့်!"

"မငိုနဲ့တော့နော် ပြီးတော့'မ'ကဘယ်လိုဖြစ်ပြီးဆေးရုံကိုရောက်လာရတာလည်း"

ရင်ခွင်ထဲကဝေးဥဩရဲ့ပုခုံးလေးကိုကိုးကဆုပ်ကိုင်ကာမေးလိုက်တော့ဝေးဥဩကတရှုံ့ရှုံးနဲ့မျက်ရည်တို့ကိုဆွဲသုပ်နေလေသည်။

"အင့် ဖုန်းထဲကအသံတွေကြားလို့လေ ဒီဆေးရုံကိုပို့ကြမယ်လို့ကြားမိလို့နင်တစ်ခုခုဖြစ်ပြီထင်ပြီးလိုက်လာခဲ့တာ"

"ဟုတ်သားပဲ ဖုန်ကဘယ်နားမှာကျန်ခဲ့တာပါလိမ့်"

အခုမှဘောင်ဘီအိတ်ထဲရောအင်္ကျီအိတ်ထဲရောလိုက်ရှာနေတဲ့ကိုးကြောင့်ဝေးဥဩကတော့ပြူးပြူးလေးကြည့်နေလေသည်။

ကြာကြာဝါးမှခါးမှန်းသိDonde viven las historias. Descúbrelo ahora