ℤɑ𝑤𝓰𝑦ⅈ
ကိုးရဲ့နေ့စဉ်ဖြတ်သန်းနေကြပုံစံကတော့
အလုပ်ကိုစောစောထွက်သွားပြီးညနေရုံး
ဆင်းချိန်မှပြန်လာရတာပင်၊သို့ပေမဲ့ဒီနေ့
ကတော့ရုံးပိတ်ရက်ဖြစ်တာမို့အိမ်မှာနေရင်း
အငြိမ်စားရနေသည်၊တိုက်ခန်းလေးထဲက
သစ်သားခုံလေးပေါ်ထိုင်ရင်းသတင်းစာ
ဖတ်နေလိုက်သည်၊ရုံးပိတ်ရက်တွေမှာ
ကိုးကဒီလိုသာဖြတ်သန်းဖြစ်သည်၊
သတင်းစာလေးဖတ်ရင်းကောင်းကောင်း
အနားယူနေတာပေါ့။"ကိုကျော်သိန်း!! ထစမ်း ကိုကျော်သိန်း!
တတ်လည်းတတ်နိုင်ပါတယ်တော် အလုပ်
ကိုတော့အဖြစ်ရှိအောင်မလုပ်တတ်ဘူး
အိပ်တာကတော့သေနေတဲ့မသာနဲ့နင်လား
ငါလားပဲ! ကဲ ကိုကျော်သိန်းထစမ်းလို့!!""ဟာကွာ!စောစောစီးစီးဘာဖြစ်နေတာလည်း
မင်းတို့မိန်းမတွေကိုငါအဲ့ဒါကြောင့်စိတ်ကုန်
တာသိလား!!""အဲ့ဒါဆိုဘာလို့ယူထားသေးလည်း!!"
"ငါကြိုက်လို့ပေါ့ကွ!"
ဟိုဘက်အိမ်ကနေကြားနေရသောအသံများ
ကြောင့်ကိုးလည်းသတင်းစာထဲစိတ်မရောက်
တော့ပေ၊ဒီရပ်ကွက်လေးမှာစီးပွားရေးအဆင်
မပြေတဲ့သူတွေနဲ့လက်လုပ်လက်စားတွေသာ
နေကြတာမို့အိမ်ချင်းကကပ်နေလှသည်၊
တစ်ရပ်ကွက်လုံးမှာလည်းအိမ်ကြီးအိမ်
ကောင်းလို့ထင်ရတဲ့အိမ်ဆိုလို့ကိုးတို့တစ်ထပ်
တိုက်လေးအပါအဝင်မှ၎အိမ်လောက်သာ
ရှိသည်၊ကျန်တာကတော့ဝါးအိမ်လေးတွေနဲ့
သစ်သားအိမ်လေးတွေသာဖြစ်သည်၊ယခု
လည်းကိုးတို့တိုက်လေးနဲ့ကိုကျော်သိန်းတို့
အိမ်ကြားမှာဝါးလုံးတန်းလေး၎လုံးကိုသာ
ကွက်ကျော်ကာထားတာပင်၊အဲ့ကြားထဲက
နေပဲငုံ့ဝင်ပြီးတံခါးမရှိဓားမရှိနေခဲ့ကြတာ
ဖြစ်သည်၊သူဌေးတွေနေတဲ့ရပ်ကွက်လေး
မဟုတ်တော့တိတ်ဆိတ်ငြိမ်သက်နေတယ်
ဆိုတာဘယ်တော့မှမရှိ။"ဥဩလေးရေ"
တစ်ထပ်တိုက်လေးရှိရာဆီကိုဝါးလုံးတန်း
အားကျော်ခွကာမတင်မြကအိမ်ထဲဝင်လာ
လေသည်၊ဝင်ဝင်ချင်းမှာပဲခုံပေါ်ထိုင်နေတဲ့
ကိုးကိုမြင်ပြီးမအီမသာပြုံးပြလာသည်။
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။