𝐏𝐚𝐫𝐭.12

1.4K 175 10
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ဝေးဥဩညနေလောက်ထဲကအိပ်ပျော်သွားတာ‌ကြောင့်က်ိုးမှာကုတင်ပေါ်ထိုင်ပြီးစိတ်ရှည်လက်ရှည်နှိုးနေတာမို့ဝေးဥဩလူးလိမ့်ရင်းနိုးလာခဲ့ရသည်၊အိပ်ရာထခါစမို့မအီမသာနဲ့ဝေးဥဩကမျက်လုံးတွေကိုလက်နဲ့ဖိပွတ်နေတာမို့ထိုလက်လေးတွေကို ကိုးဆွဲထားလိုက်ရသည်။

"မျက်လုံးတွေအရမ်းမပွတ်နဲ့"

"အွန်း မိုးချုပ်သွားပြီလား"

ပြတင်းပေါက်ကနေအပြင်ကိုကြည့်ပြီးမိုးချုပ်သွားတာသေချာမှဝေးဥဩကမျက်နှာချိုသွေးကာရယ်ပြလာပေမဲ့ကိုးကတော့စူးစိုက်ကြည့်နေဆဲပင်၊ဝေးဥဩမှာကိုးရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီးမျက်လုံးတွေကိုစိုက်ကြည့်လာသည်။

"ဗိုက်ဆာနေပြီ ငါ့ကိုမဆူနဲ့တော့နော်"

"မဆူပါဘူး ကိုးက'မ'ကိုထမင်းစားဖို့လာနှိုးတာ ထတော့ ဗိုက်ဆာနေပြီဆိုသွားစားကြမယ်"

"အင်း ငါမထနိုင်တော့ဘူး ကိုးချီပါနော်"

ကိုးကဝေးဥဩကိုမနိုင်သလိုခပ်ဟဟရယ်ကာပွေ့ချီလိုက်တော့ဝေးဥဩလက်နှစ်ဖက်ကကိုးရဲ့လည်တိုင်မှာချိတ်ရက်သား၊ကိုးရဲ့ပုခုံးပေါ်ခေါင်းမှောက်ချပြီးလိုက်ပါလာတဲ့ဝေးဥဩကို ကိုးကအပြစ်ပြောရမဲ့အစားကြည်နူးမှုကြောင့်နှုတ်ခမ်းတွေကကော့တက်နေသည်၊

ထမင်းစားပွဲပေါ်ကပြန်နွှေးထားလို့အငွေ့လေးတွေထွက်နေတဲ့ဟင်းပွဲတွေကိုဝေးဥဩကလိုက်ကြည့်နေရင်းခုံပေါ်မှာထိုင်ချလိုက်သလိုကိုးကလည်းဝေးဥဩဘေးမှာဝင်ထိုင်သည်။

"ကိုး ဟင်းတွေပြန်နွှေးထားတာလား"

"အင်း စားကြရအောင်"

"တောင်းပန်ပါတယ်နော် ငါ့ကြောင့်ပင်ပန်းသွားရပြီ ကိုးကရုံးမှာလည်းအလုပ်ကြောင့်ပင်ပန်းနေတာကိုဟင်းတွေပါထပ်ချက်ထားရတယ်"

"မပင်ပန်းပါဘူး နွှေးရုံလေးပဲနွှေးလိုက်တာ"

နောက်တော့နှစ်ယောက်သားထမင်းစစားကြပြီးနေ့လယ်ကရန်ဖြစ်တဲ့ကိစ္စကိုလည်းပြန်ပြောနေကြသည်၊စားပြီးသောက်ပြီးလို့ဝေးဥဩပန်းကန်တွေဆေးပြီးတာနဲ့ကိုးကနဖူးကိုဆေးထည့်ပေးသည်၊

ကြာကြာဝါးမှခါးမှန်းသိOpowieści tętniące życiem. Odkryj je teraz