Ս𝖓ⅈ𝐜օ𝒹𝖊
ဝေးဥဩရဲ့ယောက္ခမလည်းသူ့အိမ်သူပြန်ကြွသွားပြီမို့စိတ်တွေကြည်လင်နေကာမြင်မြင်သမျှကလှပလို့နေသည်၊ကိုးကိုတော့ဝေးဥဩဘာမှမပြောလို့၍မျက်ကွယ်ပြုထားလိုက်သည်၊ဝေးဥဩလမ်းထိပ်မှာဝယ်စရာရှိလို့အိမ်ထဲကနေထွက်လာခဲ့လိုက်သည်၊ကိုးကတော့ဒီနေ့ရုံးသွားတာမို့အိမ်မှာဝေးဥဩတစ်ယောက်ထဲပင်၊တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြသေးပေမဲ့ကိုးကိုထမင်းချိုင့်ပြင်ဆင်ပြီးစားပွဲမှာချထားပေးလိုက်ပြီးဝေးဥဩကရှောင်နေခဲ့သည်၊ယခုလည်းညနေကျရင်ကိုးကြိုက်တဲ့မုန့်တစ်ခုခုလုပ်ကျွေးရန်လိုအပ်တဲ့ပစ္စည်းတွေထွက်ဝယ်တာပင်၊ခဏနေဆိုကိုးတို့လည်းရုံးဆင်းတော့မည်လေ။
ရန်ဖြစ်နေတုန်းမို့ဘယ်လိုပဲပြောခဲ့ပြောခဲ့ဝေးဥဩကို ကိုးဘယ်လောက်အထိချစ်လည်းသိနေတာပဲမလား၊ဝေးဥဩကိုတင်းတင်းကျပ်ကျပ်စောင့်ကြည့်နေတဲ့အေးချမ်းညီလက်ထဲကနေတောင်ရအောင်ကြိုးစားပြီးချစ်ခွင့်ပန်ခဲ့သေးတာပဲ၊ကိုးကဝေးဥဩကိုဘယ်လောက်အထိချစ်လည်းထုတ်မပြတတ်ပေမဲ့အဲ့အချစ်တွေကအတိုင်းအဆမရှိရေတွက်လို့မရနိုင်အောင်များနေမယ်ဆိုတာဝေးဥဩကတော့သိနေပါသည်၊
အရင်ကအကြောင်းတွေပြန်စဉ်းစားရင်းဝေးဥဩမျက်နှာလေးကကြည်နူးရိပ်သမ်းလာရသေးသည်၊ဝယ်စရာရှိတာတွေဝယ်ပြီးတော့မှဝေးဥဩအိမ်ကိုပြန်လာခဲ့လိုက်သည်။
"ဘယ်ကပြန်လာတာလည်းဝေးဥဩ"
လမ်းထဲကအသိတစ်ယောက်ကဝေးဥဩကိုနှုတ်ဆက်လာတာမို့ဝေးဥဩလည်းစကားခဏရပ်ပြောနေလိုက်သည်။
"ဝေးဥဩမိန်းမကရုံးသွားပြီလား ဒါနဲ့ကလေးတွေဘာတွေမွေးစားမယ်စိတ်ကူးမရှိဘူးလား ဒီအတိုင်းကြီးအသက်ကြီးသွားလို့လည်းမဖြစ်ဘူးလေ"
ခနဲ့သလိုပြောလာပေမဲ့ထိုမိန်းမမျက်နှာကအပြုံးကိုချိတ်ဆွဲထားတာမို့ဝေးဥဩလည်းဒေါသတကြီးမတုန့်ပြန်မိလိုက်ပေ၊အလိုက်သင့်သာရယ်ပြပြီးပြန်ရန်ပြင်တော့ထိုမိန်းမကစကားထပ်စလာသည်။
"ဝေးဥဩနဲ့ဝေးဥဩရဲ့မိန်းမကအသက်လည်းကွာတယ်မလား ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော အသက်အရွယ်ရလာရင်တော့ ငြီးငွေ့လာကြမှာပဲလေ အဲ့တော့ကလေးတစ်ယောက်လောက်ရှိနေရင်ဆက်ဆွဲထားလို့အဆင်ပြေတာပေါ့"
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။