Ս𝖓ⅈ𝐜օ𝒹𝖊
ရှိတာလေးနဲ့ပဲဝေးဥဩတို့ချက်ပြုတ်စားသောက်လိုက်ရသည်၊မနက်ဖြန်မှပဲဈေးသွားပြီးလိုအပ်တာလေးတွေဝယ်လိုက်တော့မည်၊ပန်းကန်တွေဆေးနေတုန်းအိမ်ရှေ့ကခေါ်သံကြားတာမို့လုပ်လက်စတွေကိုထားခဲ့ကာထွက်လာခဲ့လိုက်တော့ပန်းကန်လုံးလေးကိုင်ပြီးရပ်နေတဲ့မတင်မြကိုမြင်လိုက်ရသည်၊ဝေးဥဩလည်းမျက်ခုံးလေးပင့်လိုက်ရင်းမတင်မြရှိရာဆီတိုးကပ်သွားလိုက်သည်။
"မြေပဲပြုတ်လေးလာပေးတာဥဩလေးရဲ့"
"ဪ အားနာစရာကြီးမတင်မြရယ် ပေးပေး"
ဝေးဥဩလည်းမတင်မြလက်ထဲကပန်းကန်လေးကိုလှမ်းယူလိုက်သည်။
"ပန်းကန်ကိုနောက်နေ့မှပြန်ပေးတော့"
"အဲ့လိုပဲလုပ်ကြမလား"
မတင်မြပြန်သွားတော့မှဝေးဥဩမီးဖိုချောင်ထဲပြန်ဝင်လာလိုက်သည်၊ပန်းကန်တွေဆေးနေတဲ့ကိုးကြောင့်ဝေးဥဩလည်းလက်ထဲကမြေပဲပြုတ်ပန်းကန်ကိုစားပွဲပေါ်ခဏတင်ထားလိုက်ရင်းကိုးဆီလျှောက်သွားလိုက်သည်။
"ပေး ငါပဲဆေးလိုက်မယ်"
"ရပါတယ် ကိုးဆေးနေတာလည်းပြီးတော့မှာပဲကို မ ကဒီတိုင်းလေးပဲထိုင်နေ ဒါနဲ့မတင်မြကဘာလာပေးတာလည်း"
"မြေပဲပြုတ်တဲ့"
ကိုးကခေါင်းငြိမ့်ပြပြီးပန်းကန်တွေပြန်ဆေးနေသည်၊အားလုံးပြီးတော့မှနှစ်ယောက်သားမြေပဲပြုတ်ကိုအတူတူစားကြသည်၊ဝေးဥဩမှာမြေပဲကိုပါးလေးလှုပ်စိလှုပ်စိဖြစ်အောင်ဝါးနေရင်းကိုးကိုမော့ကြည့်လာသည်၊
"မနက်ဖြန်ကျရင်ဘာချက်ပေးရမလည်း ကိုးဘာစားချင်လည်း"
"အဆင်ပြေတာပဲချက်လိုက်ပါ ဒီကိုလာပါအုံး"
လက်လှမ်းပေးပြီးခေါ်လာတာမို့ဝေးဥဩလည်းထရပ်လိုက်သည်၊ကိုးကဝေးဥဩကိုလက်ကနေဆွဲချလိုက်တာကြောင့်ဝေးဥဩကိုယ်လေးလန့်ပြီးဆတ်ကနဲတုန်သွားလေ၏၊အားနဲ့ဆွဲချမှုကြောင့်ဝေးဥဩမှာကိုးရဲ့ပေါင်ပေါ်သို့တန်းတန်းမတ်မတ်ပြုတ်ကျသည်၊ဝေးဥဩပေါင်ပေါ်ရောက်တာနဲ့ကိုးကပြန်လွှတ်မပေးတော့ပဲခါးသွယ်သွယ်လေးကိုဖက်လာလေသည်၊ဝေးဥဩမှာမျက်တောင်လေးကိုတဖျပ်ဖျပ်ခတ်ပြီးကိုးကိုကြည့်လာသည်၊မျက်လုံးရွှဲလေးတွေကညမီးရောင်အောက်မှာလှချင်တိုင်းလှနေသည်။
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။