𝐏𝐚𝐫𝐭.7

1.9K 222 8
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ဝေးဥဩစကားကြောင့်စခန်းမှူးရဲ့မျက်နှာမှာ‌အတော်လေးပျက်သွားလေ၏၊စခန်းမှူးမှာသူ့ဘဝတလျှောက်လုံးအပြစ်မျိုးစုံနဲ့ရောက်လာတဲ့တရားခံတွေကိုပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ခဲ့ဖူးပေမဲ့အခုသူ့ရှေ့ကအမျိုးသမီးကိုတောင်လက်မြှောက်ရမလိုဖြစ်နေလေပြီဖြစ်သည်၊

"ကျွန်တော်တို့ဘက်ကမဝေးဥဩကိုဘာအစားအသောက်မှချပေးခွင့်မရှိပါဘူးခင်ဗျ"

"ဟုတ်လား ဒါဆိုလည်းကျွန်မအငတ်လွန်ပြီးသေသွားရင် အဲ့သတင်းကနာမည်ကြီးမယ်ဆိုတာသေချာတယ် ကျွန်မအစ်မကမီဒီယာသမားတစ်ယောက်နော် ကျွန်မသေပြီးနောက်ရက်မှာပဲ မိန်းကလေးတစ်ဦးကိုမြို့နယ်ရဲစခန်းကဖမ်းချုပ်ထားပြီးအစာငတ်ရေငတ်ထားခဲ့လို့အခုလိုသေဆုံးသွားခဲ့ရကြောင်းဆိုပြီးချဲ့ကားပြောကြတော့မှာ အို ကျွတ် ကျွတ်စခန်းမှူးကြီးကိုသနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလည်း"

ဝေးဥဩကစိတ်မကောင်းသလိုလေးပြောပြီးခေါင်းလေးငုံ့သွားလေသည်၊စခန်းမှူးဘေးမှာရပ်နေတဲ့ရဲတစ်ယောက်ကလည်းဝေးဥဩစကားကြောင့်ကြက်သီးမွှေးညှင်းလေးတွေတောင်ထောင်တက်သွားရသည်။

"ဆရာ ကျွန်တော်တို့မီဒီယာသမားတွေအများကြီးအရှေ့ကနေပြေးရမဲ့ပုံပါပဲ ဘာပဲဖြစ်ဖြစ်ကျွန်တော်ကအပြေးသန်ပါတယ် ကျောင်းတုန်းကကျွန်တော့်ရဲ့စကေးတွေကိုပြန်လည်ပြသခွင့်ရမဲ့အခွင့်အရေးပါပဲ!'

စခန်းမှူးမှာရဲတစ်ယောက်ရဲ့အပြောကြောင့်စိတ်ညစ်သလိုမျက်မှောင်ကျုံ့နေပေမဲ့ထိုရဲကတော့အပြေးပြိုင်ပွဲဝင်ရမယ်ဆို၍အပျော်လွန်နေလေသည်၊စခန်းမှူးမှာသူတို့နောက်ကိုမီဒီယာသမားတွေလိုက်လာမှာကိုစိတ်ကူးနဲ့ပုံဖော်ကြည့်လိုက်မိသည်။

... ...
ရဲစခန်းအတွင်းကနေပြီးတော့ရဲတွေတစ်ယောက်ပြီးတစ်ယောက်အူယားဖားယားပြေးထွက်လာနေတဲ့မြင်ကွင်းတစ်ခု၊အရှေ့ပေါက်ကနေထွက်ပြေးရန်ပြင်လိုက်ပေမဲ့အပေါက်ဝမှာအုပ်လိုက်ကြီးစောင့်နေတဲ့မီဒီယာသမားတွေနဲ့မို့ရဲတွေအားလုံးအကုန်ရပ်သွားကြလေသည်၊မီဒီယာသမားတွေမှာရဲစခန်းအတွင်းသို့သူ့ထက်ငါအရင်တိုးခွေ့ကာနွားအုပ်ကြီးခြံထဲကလွှတ်လိုက်သလိုရှဲကနဲဝင်ပြေးလာကြတော့သည်။

ကြာကြာဝါးမှခါးမှန်းသိOnde histórias criam vida. Descubra agora