Ս𝖓ⅈ𝐜օ𝒹𝖊
တကယ်ဝောာ့ပြီးခဲ့တဲ့တလျှောက်လုံးဝေးဥဩကကိုးကိုနည်းနည်းမှအယုံအကြည်မပျက်ခဲ့ပေ၊သတင်းတွေထွက်ပြီးနောက်ရက်မှာကိုးရုံးကိုသွားတော့ဝေးဥဩဆီကိုမတင်မြရောက်လာပြီးနှစ်သိမ့်အားပေးခဲ့သည်။
"အဲ့လိုကြီးမှိုင်မနေပါနဲ့ဥဩလေးရယ် အခုပဲအဲ့လိုမဟုတ်တဲ့အကြောင်းတွေပြောနေတဲ့ဟာတွေကိုသွားဖြေရှင်းချင်လား ကျုပ်လိုက်ခဲ့မယ်ဥဩလေး"
စိတ်အားထက်သန်စွာပြောလာတဲ့မတင်မြရဲ့စေတနာကိုဝေးဥဩနားလည်၍ပြုံးရင်းသာခေါင်းကိုခါပြလိုက်မိသည်၊ဝေးဥဩတို့ကိုမကောင်းပြောနေတဲ့လူတွေကိုရန်တွေ့ပြီးတော့ရောဒီကိစ္စတွေကပြီးသွားမှာတဲ့လား၊ဝေးဥဩကတော့တကယ်ရန်ညှိုးတွေကိုထပ်ပြီးမများစေချင်တာအမှန်ပင်။
ဒါကြောင့်မို့နှုတ်ခမ်းတစ်ဖက်ကိုတွန့်ကွေးကာပြုံးလိုက်မိရင်းမတင်မြကိုပြောလိုက်တာက
"ကျွန်မကဘာလို့ဝင်ပါရမှာလည်း!"
ဝေးဥဩစကားကြောင့်မတင်မြကမယုံနိုင်သလိုပါးစပ်ဟောင်းလောင်းနဲ့ကြည့်လာပေမဲ့ဝေးဥဩကတော့အေးအေးဆေးဆေးနဲ့သာအဝေးကိုကြည့်နေသည်၊မတင်မြအံ့ဩနေတုန်းမှာပဲဝေးဥဩအကြည့်တွေကမတင်မြဆီရောက်လို့လာသည်၊
"သူပဲဖြေရှင်းပါစေ၊ကျွန်မချစ်ရတဲ့လူသားက ဘယ်လောက်ရင့်ကျက်ပြီးဘယ်လောက်အထိအရည်အချင်းရှိကြောင်း သာမန်ယောကျာ်းတွေထက်ဘယ်လောက်အထိပိုပြီးစွမ်းဆောင်နိုင်ကြောင်း ဘယ်လောက်အထိအိမ်ထောင်ရေးတစ်ခုကိုဦးဆောင်နိုင်ကြောင်းကိုသူကိုယ်တိုင်ပဲထုတ်ပြပါစေ၊အဲ့လိုမဟုတ်တဲ့သတင်းတွေကိုပြောနေတဲ့ပါးစပ်ဖျားမှာဝေဟင်ကိုကိုးဆိုတာဘယ်လောက်အထိအိမ်ထောင်ရေးတစ်ခုကိုဦးစီးဦးဆောင်ပြုနိုင်လည်းဆိုတာကို ကိုးကိုယ်တိုင်ကပဲမြင်လာအောင်ပြပါစေမတင်မြရယ်...
ကိုးကသူတို့ထင်သလိုခပ်ပျော့ပျော့ခပ်ညံ့ညံ့မိန်းကလေးတစ်ယောက်မဟုတ်ပဲဘယ်လောက်အထိထက်မြတ်လည်းဆိုတာကို ကိုးကိုယ်တိုင်သက်သေပြသွားတဲ့အထိ ကျွန်မတို့ကအလိုက်သင့်စီးမျောရင်းစောင့်ကြည့်ကြရအောင် ဒီကိစ္စကိုသူသေချာဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်မယုံကြည်တယ် သူတို့ပြောနေတဲ့ကျွန်မထက်အသက်အရမ်းငယ်တဲ့ကိုးကကျွန်မကိုဘယ်လောက်အထိတန်ဖိုးထားလည်းဆိုတာကိုသူတို့တွေမြင်လာကြတဲ့အထိစိတ်ရှည်ရှည်နဲ့စောင့်နေရအောင်၊ကိုးကဘယ်လောက်အထိအိမ်ထောင်ရေးတစ်ခုကိုဦးစီးဦးဆောင်ပြုနိုင်လည်းဆိုတာသူတို့တွေမြင်အောင်ကိုးကပဲသက်သေပြသွားပါစေ ကျွန်မကတော့ဒီတိုင်းလေးပဲပါရမီဖြည့်ရမှာပေါ့"
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။