𝐏𝐚𝐫𝐭.16

1.4K 175 7
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ကိုးရုံးကပြန်လာတည်းကသတိထားမိနေတာကဝေးဥဩမျက်နှာမကောင်းတာကိုပင်၊သူ့ကိုလည်းသေချာမကြည့်ပဲရှောင်နေတယ်လို့ခံစား‌မိနေတာမို့ဝေးဥဩကိုအမြဲစောင့်ကြည့်နေမိပေမဲ့ဝေးဥဩ‌ကတော့ကိုးကိုတစ်ချက်မှကြည့်မလာခဲ့။

"မ'တစ်ခုခုဖြစ်နေ!"

"ရေအရင်ချိုးလိုက် အင်္ကျီထုတ်ပေးထားမယ်"

ဝေးဥဩကကိုးကိုတစ်ချက်မှမကြည့်ပဲထိုသို့ပြောပြီးအိပ်ခန်းထဲကိုဝင်သွားတာကြောင့်ကိုးနားမလည်သလိုရပ်ကြည့်ရင်းသာကျန်ခဲ့တော့သည်၊နောက်တော့ကိုးလက်လျှော့လိုက်ပြီးရေချိုးရန်သာပြင်လိုက်ပေမဲ့ဝေးဥဩဘာဖြစ်နေလည်းတစ်ကယ်သိချင်မိနေတာပင်၊ထမင်းစားပြီးမှပဲအေးအေးဆေးဆေးမေးတော့မယ်ဟုစိတ်ထဲတေးထားမိကာရေကိုခပ်မြန်မြန်လေးချိုးလိုက်သည်။

နောက်ဖေးကရေချိုးခန်းလေးကိုဝေးဥဩတွေတွေလေးကြည့်ရင်းငြိမ်သက်နေမိတာအတော်အကြာပင်၊ရင်ဘက်ထဲကတင်းကျပ်မှုကိုတို့ကိုလွင့်စင်ပျောက်ကွယ်သွားရန်သက်ပြင်းချလိုက်ပေမဲ့ပိုပြီးတော့သာတင်းကျပ်လာတာကဘာကြောင့်များလည်း၊ရင်ထဲကတစ်စုံတစ်ရာကိုလက်လွှတ်လိုက်ရတော့မလိုခံစားချက်ကြီးကတစ်ကယ်ရူးချင်စရာကောင်းနေသည်၊ဝေးဥဩကိုးကိုယုံကြည်ပေမဲ့တစ်ကယ်ဖြစ်နေမှာကိုလည်းကြောက်မိတာမို့ကိုးကိုသိသိသာသာရှောင်နေမိခဲ့သည်၊

ပါးပြင်ပေါ်လိမ့်ဆင်းလာတဲ့မျက်ရည်စီးကြောင်းတွေကိုဝေးဥဩအသာသုပ်ပြီးကိုးအတွက်အဝတ်လေးထုတ်ပေးထားလိုက်ကာမီးဖိုချောင်ဘက်ကိုထွက်လာခဲ့လိုက်သည်၊ကိုးကဝေးဥဩကွယ်ရာမှာယောကျာ်းတစ်ယောက်နဲ့အတူရှိနေမယ်ဆိုတာလုံးဝမဖြစ်နိုင်ပေ၊မဖြစ်နိုင်ဘူးလို့တွေးနေပေမဲ့ပူလောင်နေတဲ့ရင်အစုံကတော့အေးချမ်းဖို့လမ်းမမြင်။

ကိုးရေချိုးပြီးလို့အိပ်ခန်းထဲဝင်လာတော့ကုတင်ပေါ်မှာတင်ထားတဲ့အင်္ကျီတွေကိုသာမြင်ရပြီးဝေးဥဩကိုတော့မတွေ့တာမို့မျက်မှောင်ကျုံ့လိုက်မိပေမဲ့ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ပဲအင်္ကျီကိုသာကောက်ဝတ်လိုက်သည်၊ပြီးမှဝေးဥဩဘယ်မှာရှိနေမလည်းရှာမိတော့မီးဖိုထဲကထမင်းစားပွဲပေါ်ကိုဟင်းတွေချနေတာကိုမြင်လိုက်ရသည်၊ကိုးရင်ထဲတစ်ခုခုမှားယွင်းနေတယ်လို့ခံစားရပြီးတိတ်တဆိတ်သာဝေးဥဩကိုစိုက်ကြည့်နေမိသည်၊ဖြတ်ကနဲမျက်လွှာပင့်ကြည့်လာတဲ့ဝေးဥဩနဲ့အကြည့်ချင်းဆုံမိလိုက်ချိန်ဝေးဥဩမျက်လုံးတွေကဝမ်းနည်းနေတယ်လို့ကိုးဘာလို့ထင်နေမိလည်းမသိပေ။

ကြာကြာဝါးမှခါးမှန်းသိOù les histoires vivent. Découvrez maintenant