Ս𝖓ⅈ𝐜օ𝒹𝖊
𝑻𝒂𝒄𝒉𝒊-ဝေဟင်ကိုကိုး
𝑵𝒆𝒌𝒐-ဝေးဥဩချစ်သူတွေဖြစ်နေတဲ့၃နှစ်အတွင်းမှာပဲ
တစ်ယောက်အကြောင်းတစ်ယောက်
ကောင်းကောင်းသိခဲ့ကြပြီးနှစ်ဦးသဘောတူ
လက်ထပ်ခဲ့ကြတဲ့သူတို့နှစ်ယောက်။[လက်ထပ်ပြီးခါစမှာအရမ်းကိုကြည်နူးဖို့
ကောင်းပြီးရိုမန့်တစ်ဖြစ်လွန်းတဲ့
အိမ်ထောင်ရေးမှာဤသို့ဤပုံရှိ၏]မနက်ခင်းနိုးထလာတာနဲ့ဝေးဥသြရဲ့
ကျောဘက်မှာအနွေးဓာတ်ကိုခံစားရပြီး
မိမိခါးပေါ်မှာလည်းအကြောစိမ်းလေးတွေ
ယှက်ဖြာနေတဲ့လက်တွေကရစ်သိုင်းထား
သည်၊နူးညံ့သောအပြုံးလေးကိုပြုံးလိုက်မိ
ကာလက်တွေကိုအသာအယာဖယ်ထုတ်ပြီး
မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်၊
အိပ်မောကျနေတဲ့ချစ်ရသူရဲ့မျက်နှာကိုမနက်
နိုးတိုင်းကြည့်ရတဲ့ခံစားချက်ကသိပ်ကိုလှပ
လွန်းပါသည်၊ဒီလူသားဟာငါ့အပိုင်ဖြစ်နေပါ
လားဆိုတဲ့စိတ်လေးကလည်းတစ်နည်း
တစ်ဖုံဖြင့်ကြည်နူးစရာကောင်းနေလှသည်။ဖြတ်ကနဲပွင့်လာတဲ့ကိုးရဲ့မျက်လုံးတွေမှာ
ဥဩကိုနူးနူးညံ့ညံ့ကြည့်ရင်းပြုံးလာ
လေသည်၊ကိုးရဲ့မျက်စိရှေ့မှာမြင်နေရတဲ့
အေးချမ်းသောအပြုံးလေးနဲ့ချစ်ရသူမှာ
သိပ်ပြီးလှပလွန်းနေသည်၊ကြည့်နေရုံနဲ့
တင်အလိုလိုအချစ်စိတ်တွေတက်လာတဲ့
အထိဒီအမျိုးသမီးလေးကို'ကိုး'သိပ်ချစ်
ပါသည်။"မ နိုးနေတာကြာပြီလား"
အိပ်ရာနိုးခါစမို့ခပ်အက်အက်ဖြစ်နေတဲ့
က်ိုးရဲ့အသံလေးကမနက်ခင်းစောစောမှာ
တစ်ကယ်သာယာမှုအတိဖြစ်နေသည်၊"အခုလေးမှနိုးတာ"
"ကိုးကိုခိုးပြီးစိုက်ကြည့်နေတာပေါ့"
"မဟုတ်ပါဘူး ပေါ်တင်ကြည့်တာ အခုဆို
ကိုးကဘယ်သူ့အပိုင်ဖြစ်နေပြီမို့လို့လည်း"ကိုးရဲ့ရယ်သံခပ်ဟဟကပြန့်လွင့်လာပြီး
ဝေးဥဩကိုဖက်လာသည်၊"မ ကိုအရမ်းချစ်တယ်"
"အင်း ငါလည်းကိုးကိုချစ်တယ်"
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။