𝐏𝐚𝐫𝐭.27(𝖥𝗂𝗇𝖺𝗅)𝑈𝑛𝑖𝑐𝑜𝑑𝑒

3.5K 213 13
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ဝေးဥဩမှာကိုးအတွက်ထမင်းချိုင့်ပြင်ပေးနေရင်းကနေအိမ်ရှေ့ကခေါ်သံကြောင့်လုပ်လက်စအလုပ်တွေကိုရပ်ကာထွက်လာလိုက်သည်၊

"အမေ"

ကိုးရဲ့အမေကိုတွေ့လိုက်တာမို့ဝေးဥဩလည်းမျက်လုံးလေးပြူးသွားပြီးအိမ်ထဲဝင်ရန်ပြောလိုက်ရသည်၊ဒေါ်ပေါက်စီကဈေးကအပြန်ဝင်လာပုံရကာလက်ထဲမှာလည်းဈေးခြင်းတောင်းကြီးနဲ့ပင်။

"ကိုးရောသမီး"

"ကိုးရုံးသွားဖို့ရေချိုးနေတယ်ထင်တယ် ခဏနော် သမီးသွားခေါ်ကြည့်လိုက်မယ်"

ဝေးဥဩလည်းရေချိုးခန်းဘက်ဆီထွက်လာလိုက်ပြီးရေချိုးခန်းတံခါးကိုအသာခေါက်ကာ

"ကိုးရေချိုးနေတာလား"

"ဟင် ဟုတ်တယ်'မ"

"အဲ့ဒါဆိုမြန်မြန်ချိုးနော် ကိုးအမေရောက်နေတယ်"

"ဟုတ်ပြီ! ဟုတ်ပြီကိုးအခုပဲထွက်လာခဲ့မယ်လို့ပြောလိုက်နော်အချစ်လေး"

ဝေးဥဩလည်းကိုးကိုမနိုင်သလိုခေါင်းသာခါရင်းအိမ်ရှေ့ကိုပြန်ထွက်လာလိုက်သည်၊ယောက္ခမကြီးကိုအသီးလေးခွဲပြီးကျွေးထားနှင့်လိုက်ကာခဏကြာတော့ကိုးရောက်လာသည်။

"အမေ ဘာဖြစ်လို့လည်း"

"ဘာမှမဟုတ်ပါဘူး အိမ်ဘက်မရောက်ဖြစ်လို့လေ ဒီမှာကောက်ညှင်းပေါင်းဝယ်လာတယ် စားလိုက်ကြဦး"

ကိုးလည်းအမေဖြစ်သူလက်ထဲကကောက်ညှင်းထုပ်ကိုလှမ်းယူလိုက်ပြီးခဏစကားပြောနေလိုက်သည်၊ခဏကြာတော့ကိုးကလည်းရုံးသွားရမှာဖြစ်ပြီးအမေကလည်းဟင်းချက်ရဦးမယ်ဆိုကာပြန်သွားလေသည်၊ကိုးလည်းဝေးဥဩနဲ့အတူမနက်စာစားပြီးတာနဲ့ထမင်းချိုင့်ကိုယူပြီးရုံးသွားရန်ပြင်လိုက်သည်။

"ကိုးသွားတော့မယ်နော်'မ"

"အင်း ဂရုစိုက်သွား"

ကိုးကအိမ်ပြင်ထွက်ပြီး‌သွားတော့မှအထဲကိုတစ်ခါပြန်ဝင်လာသည်၊ဝေးဥဩကမျက်လုံးပြူးလေးနဲ့ဘာလည်းလို့မေးမလို့ပြင်တုန်းမှာပဲနဖူးကိုအနမ်းခံလိုက်ရသည်။

ကြာကြာဝါးမှခါးမှန်းသိWhere stories live. Discover now