Ս𝖓ⅈ𝐜օ𝒹𝖊
"ဘုတ်!"
အိမ်ရှေ့ကကွပ်ပျစ်ပေါ်ကိုပစ်ချခံလိုက်ရ
သောအဝတ်အိတ်လေးမှာအင်္ကျီတွေထွက်ကျ
လာပြီးဖရိုဖရဲဖြစ်နေလှသည်၊အိမ်ပေါ်ကနေ
ပြင်းပြင်းထန်ထန်ပစ်ချမှုကိုခံလိုက်ရ၍
မွစာကြဲသွားသည်အထ်ိလွင့်ထွက်သွားသော
အဝတ်များ။"ညည်းအဝတ်အစားတွေယူပြီးအခုချက်ချင်း
ထွက်သွားလိုက်တော့ ကိုယ့်စိတ်ကြိုက်
မိန်းမနောက်လိုက်သွားပြီးပြန်လာရဲသေး
တယ်ပေါ့!!"အမေဖြစ်သူမှာဒေါသတကြီး၇အိမ်ကြား
၈အိမ်ကြားအော်ဟစ်ပြီး၃မိနှစ်အကြာမှာပဲ
ဝေးဥဩခေါင်းပေါ်ကိုတစ်ခုခုနဲ့အော်တိုအပစ်
ခံလိုက်ရသည်၊နာကျင်နိုင်တဲ့ပစ္စည်းတစ်ခု
မဟုတ်တာကိုပဲဝေးဥဩကံကောင်းသည်ဟု
မှတ်ယူလိုက်ပြီးခေါင်းပေါ်တင်နေတဲ့အရာကို
ယူကြည့်လိုက်သည်။"ဟာ အမေ့!"
အစ်ကိုဖြစ်သူရဲ့ပေါက်ပြဲပါးလွှားနေတဲ့
အတွင်းခံဘောင်ဘီနဲ့ပစ်လိုက်ခြင်းဖြစ်တာမို့
ဝေးဥဩမျက်နှာမှာမရှုမလှဖြစ်သွားရလေ၏၊ဒေါ်ရွှေသီကတော့အိမ်ထဲပြန်ဝင်
သွားပြီးခဏအကြာဒုန်းဆိုင်းကြီးပြန်ရောက်
လာကာဝေးဥဩကိုတစ်ခုခုနဲ့ပစ်လိုက်ပြန်
သည်၊ဝေးဥဩမှာလည်းမျက်နှာပေါ်ကို
ဘက်ကနဲလာမှန်တဲ့ရေစိုစိုခပ်နွမ်းနွမ်း
အဝတ်တစ်ခုပေါ်ကဆိုးဆိုးဝါးဝါးအနံ့
အသက်တစ်ခုကြောင့်နှာခေါင်းရှုံ့လိုက်ရင်း"အမေ့ ပစ်နေတာတွေတော်ပါတော့!"
ဝေးဥဩရဲ့အစ်ကိုဖြစ်သူမှာလည်းအိမ်ရှေ့
ကိုထွက်လာပြီးတံခါးကိုတံတောင်ဆစ်နဲ့
ထောက်ကာစပ်ဖြဲဖြဲနဲ့ကြည့်လာသည်၊
ဝေးဥဩမှာရယ်နေနိုင်သေးတဲ့အစ်ကို
ဖြစ်သူကိုတစ်ချက်ပဲကြည့်ပြီးလက်ထဲက
နံဟောင်နေတဲ့အဝတ်ကိုကြည့်လိုက်သည်၊"ဘာတွေနဲ့ပစ်နေဝာာလည်းအမေရာ!"
ဝေးဥဩတစ်ယောက်စိတ်ရှုပ်သလိုရေရွတ်
ရင်းပြောလိုက်တဲ့စကားကိုဝေးဥဩရဲ့
အစ်ကိုဖြစ်သူအေးချမ်းညီမှအဖြေပြန်ပေး
လာသည်။"အိမ်သာဆေးတဲ့အဝတ်လေ"
အစ်ကိုဖြစ်သူရဲ့စကားကြောင့်ဝေးဥဩ
မှာမိမိမျက်နှာလေးကိုအမြန်ပြန်ကိုင်ပြီး
မျက်နှာကြီးရှုံ့မဲ့နေတော့သည်၊အမေဖြစ်သူ
ရဲ့ဒေါသမှာသမီးဖြစ်သူရဲ့မျက်နှာကို
အိမ်သာဆေးအဝတ်နဲ့ပစ်သည်အထိပင်၊
အေးချမ်းညီကတော့ဝေးဥဩဖြစ်နေတဲ့
ပုံကိုကြည့်ပြီးဗိုလ်အောင်ဒင်လေသံနဲ့ရယ်
နေလေသည်၊အမေဖြစ်သူမှာတော့အသက်
ရှူသံတွေပြင်းနေပြီးရင်ဘက်ကြီးမှာ
ပိန်လိုက်ဖောင်းလိုက်နဲ့နပန်းသမားကြီး
တစ်ယောက်အသွင်ဖြစ်နေသည်။
![](https://img.wattpad.com/cover/336195390-288-k52022.jpg)
KAMU SEDANG MEMBACA
ကြာကြာဝါးမှခါးမှန်းသိ
Romansaဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။