𝐏𝐚𝐫𝐭.3

2.2K 316 21
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ဝေးဥဩမှာအမေဖြစ်သူအိမ်ကိုငိုပြီးပြန်သွား
လေသည်၊နှစ်ယောက်သားကဘာမဟုတ်
တာလေးနဲ့လည်းထစ်ကနဲဆိုရန်ဖြစ်တာက
အရင်ဆုံးပင်၊‌အိမ်ရှေ့ရောက်တော့တံခါးကို
တွန်းဖွင့်ပြီးအိမ်ထဲဝင်သွားလိုက်သည်။

အမေဖြစ်သူမှာTVကြည့်နေရင်းဝေးဥဩကို
ကြည့်လာသည်၊အထုတ်ကိုဆွဲထားပြီး
ပါးပေါ်မှာမျက်ရည်ဆက်လက်နဲ့မို့မေးစရာ
မလိုအောင်သိနေလေ၏။

"ထွက်သွား"

"အမေ့"

"တစ်ရက်နှစ်ရက်ပဲခွဲနေနိုင်မဲ့အတူတူအခု
တည်းကပြန်လိုက်တော့!"

"မဟုတ်ဘူး ဒီတစ်ခါကတစ်ကယ်ကွာရှင်း
ခဲ့တာ သမီးနဲ့သူနဲ့ပြတ်ပြီ"

"ပြောတာပဲ!"

ဒေါ်ရွှေသီမှာအချဉ်ထုပ်ကိုဆက်စားနေသည်၊
ဝေးဥဩလည်းဘာမှမပြောတော့ပဲမိမိအရင်
ကနေခဲ့သောအခန်းလေးထဲကိုသာဝင်လာ
ခဲ့လိုက်သည်၊ဝေးဥဩတစ်ကယ်ဆုံးဖြတ်
ပြီးလေပြီ၊အဲ့လိုသဘောထားသေးသိမ်တဲ့
သူနဲ့လုံးဝပြန်မပေါင်းဘူး။

တစ်ဖက်တွင်လည်းအိမ်မှာကျန်နေခဲ့တဲ့
ကိုးမှာစိတ်အလိုမကျ၍မြင်သမျှပစ္စည်းတွေကိုပေါက်ခွဲနေလေသည်။

"တောက်! မိန်းမတွေများအမှန်ပြောတော့
မကြိုက်ဘူး"

ကိုးပြောနေပုံမှာမသိရင်သူကိုယ်တိုင်က
ယောကျာ်းကြီးအလား၊

ကိုးခုံပေါ်ကိုထိုင်ချလိုက်ကာတိတ်ဆိတ်နေတဲ့
အခန်းထဲဝေ့ကြည့်လိုက်သည်၊အရင်လိုဆို
တစ်မျိုးမဟုတ်တစ်မျိုးဆူညံနေတဲ့အိမ်လေး
မှာအခုတော့တိတ်ဆိတ်နေသည်၊သူတောင်
ထွက်‌သွားသေးတာကိုးကဘာလို့ဆွဲထားရ
မှာလည်း၊အိမ်ပေါ်ပြန်တက်လာတဲ့နေ့မှ
ခြေထောက်ကိုရိုက်ချိုးပေးလိုက်အုံးမယ်။
..☆
..☆
အေးချမ်းညီတစ်ယောက်အပင်တွေရေ
လောင်းနေတုန်းအိမ်ပေါက်ဝမှာငုတ်တုတ်
ထိုင်နေတဲ့ညီမဖြစ်သူကိုလည်းတကြည့်
ကြည့်၊ခဏကြာတော့ခြံရှေ့ကိုအကြည့်
ရောက်မိသွားသည်၊ဟိုဘက်အိမ်ကျော်က
ကောင်မလေးအိမ်ရှေ့ကဖြတ်သွားတာပင်၊
အဲ့ကောင်မလေးကလည်းအတော်အသင့်
လှတော့လူတိုင်းသိကြတာမို့အေးချမ်းညီရဲ့
မျက်လုံးတွေမှာအတိုင်းအဆမရှိတောက်ပ
လာသည်။

ကြာကြာဝါးမှခါးမှန်းသိDonde viven las historias. Descúbrelo ahora