𝐏𝐚𝐫𝐭.4

2.2K 306 24
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

အေးချမ်းညီလည်းပြတင်းပေါက်ကိုအရင်ဆုံးဆွဲပိတ်လိုက်ပြီးအိပ်ပျော်နေတဲ့ညီမဖြစ်သူရဲ့ပုခုံးကိုအသာပုတ်ကာနှိုးလိုက်သည်။

"ဝေး! ထ ထ"

တုတ်တုတ်မလှုပ်တဲ့ဝေးဥဩကြောင့်အေးချမ်းညီလည်းသက်ပြင်းချကာဝေးဥဩကိုဆွဲထူပြီးကုတင်ပေါ်ထိုင်စေလိုက်သည်၊

"ဝေးဥဩ ထတော့လို့!"

ကုတင်ပေါ်ထိုင်နေပြီဖြစ်တာမို့အေးချမ်းညီလည်းအခန်းထဲကထွက်ရန်ပြင်လိုက်သည်၊သို့သော်အသံမကြားတာမို့ပြန်လှည့်ကြည့်လိုက်တော့ကုတင်ပေါ်ပြန်လဲကျပြီးအိပ်ပျော်နေတဲ့ဝေးဥဩကြောင့်ခေါင်းကိုတဗျင်းဗျင်းမြည်အောင်ကုပ်လိုက်မိသည်၊

ဝေးဥဩကိုလည်ပင်းကနေဆွဲထူကာလှုပ်ရမ်းရင်းနှိုးလိုက်တော့ဝေးဥဩမှာလည်းအေးချမ်းညီလက်ထဲ‌ခေါင်းလေးခါရမ်းနေပြီးမျက်လုံးလေးတွေပွင့်လာသည်၊

"ကို...ကြီး"

"အေး ငါပဲ"

ဝေးဥဩလည်းနိုးသွားပြီမို့အေးချမ်းညီမှာဆုပ်ကိုင်ထားမိတဲ့လည်ပင်းကိုလွှတ်လိုက်သည်၊သို့သော်ဝေးဥဩမှာကုတင်ပေါ်ပြန်လဲကျပြီးအိပ်ပျော်သွားပြန်သည်၊

"ခေါ! ခေါ!"

"ဟဲ့ ဝေးဥဩ!!"

အသည်းကွဲလို့စားမဝင်အိပ်မပျော်ဖြစ်နေတဲ့ဝေးဥဩကိုမနိုင်တော့တာမို့အေးချမ်းညီအခန်းထဲကနေပြန်ထွက်လာခဲ့လိုက်တော့သည်။
..☆
..☆
မတင်မြမှာဝေးဥဩအခုဆိုစားမဝင်အိပ်မပျော်ဖြစ်နေမဲ့ပုံကိုရှင်းပြပြီးကိုးရဲ့အခြေ‌အနေကိုတစ်ချက်လှည့်ကြည့်လိုက်တော့ကိုးကခေါင်းကိုသာအဆက်မပြတ်ငြိမ့်နေပြန်သည်၊ဒါဟာမတင်မြပြောတာတွေကိုထောက်ခံတယ်ဆိုတဲ့သဘောပဲမလား၊မတင်မြလည်းဝမ်းသာအားရနဲ့ကိုးရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး

"‌ဥဩလေးကိုသွားခေါ်မယ်မလားကိုး"

"အင်း အင်း"

ကိုးမှာမတင်မြဘာတွေပြောနေလည်းမသိတာမို့ပြီး ပြီးရောဆိုတဲ့သ‌ဘောဖြင့်ခေါင်းကိုသာငြိမ့်ပြနေလိုက်သည်၊ပြီးမှနားထဲကနားကြပ်တွေကိုဆွဲဖြုတ်နေလိုက်သည်။

ကြာကြာဝါးမှခါးမှန်းသိWhere stories live. Discover now