Ս𝖓ⅈ𝐜օ𝒹𝖊
ကားပေါ်ပါလာတဲ့ကိုးနဲ့ဝေးဥဩမှာတစ်ယောက်နဲ့တစ်ယောက်ကိုကြောင်အစွာကြည့်နေရင်းမှရှက်ကိုးရှက်ကန်းနဲ့အကြည့်လွှဲလိုက်ကြလေသည်၊ကားမှန်ဘက်ကိုလှည့်သွားတဲ့ဝေးဥဩရဲ့နှုတ်ခမ်းတွေကကျေနပ်သလိုကော့တက်သွားတာကိုတော့ကိုးတစ်ယောက်မမြင်လိုက်ရပေ။
ကျန်ခဲ့တဲ့အေးချမ်းညီမှာတော့မြေကြီးပေါ်ပစ်လှဲပြီးအော်ငိုနေတာမို့ဒေါ်ရွှေသီတို့ကနောက်ဖေးကနေအိမ်ရှေ့ကိုပြန်ပြေးလာကြပြန်သည်။
"ဟဲ့ ဘယ်သူထွက်ပြေးသွားတာလည်း"
"အီး ကိုးနဲ့ဝေးဥဩထွက်ပြေးသွားပြီ"
"ဘာ!!"
အေးချမ်းညီမှာငိုချင်ယောင်ဆောင်နေရင်းကနေအမေဖြစ်သူကိုမျက်လုံးအသာဖွင့်ပြီးချောင်းကြည့်လိုက်သေးသည်၊ဒေါ်ရွှေသီကတော့ဒေါသထွက်နေသည်မှာဝေးဥဩနဲ့ကိုးခိုးရာလိုက်ပြေးသွားတုန်းကလိုပင်။
"ခုနကမီးလောင်တယ်လို့အော်လိုက်တာနင်မလား အေးချမ်းညီ"
"ဟုတ်ပါဘူးအိုမားရဲ့ ကျွန်တော့်အသံကအဲ့လိုမအောင်ဘူး"
ဒေါ်ရွှေသီကတော့'ငါသိနေတယ်'ဆိုတဲ့အကြည့်နဲ့ကြည့်လာတာမို့အေးချမ်းညီလည်း'အမေသိရင်လည်းအေးဆေးနေ'ဆိုတဲ့ပုံစံနဲ့ပြန်ကြည့်ပေးလိုက်သည်။
.. ..
အေးချမ်းညီပို့ခိုင်းလိုက်တဲ့နေရာကမြို့ပြင်နားကတိုက်ခန်းလေးတစ်ခုပင်၊သိပ်မကျယ်လှတဲ့ခြံဝန်းလေးထဲဆောက်ထားတဲ့တစ်ထပ်တိုက်လေးရှေ့မှာကားကရပ်သွားတာမို့သူတို့နှစ်ယောက်လုံးဆင်းလာလိုက်ရသည်၊ကားသမားကိုကိုးကပိုက်ဆံပေးပြီးတာနဲ့ဝေးဥဩကိုတစ်ချက်မော့ကြည့်သည်၊ဝေးဥဩလက်ထဲကိုအေးချမ်းညီထည့်ပေးခဲ့သော သော့တံလေးအားကိုင်ပြီးခြံတံခါးကိုအရင်ဖွင့်ပြီးဝင်လာလိုက်သည်၊ပြီးမှအိမ်တံခါးကိုဖွင့်ကြည့်တော့သော့ကဖွင့်မရပဲကျပ်နေတာကြောင့်ဝေးဥဩကမျက်မှောင်ကျုံ့လာလေသည်၊ထိုအခါကိုးကဝေးဥဩလက်ထဲကသော့ကိုဆွဲယူလိုက်ရင်း
"ကိုးပဲဖွင့်ပေးမယ်"
ဝေးဥဩခေါင်းပဲငြိမ့်ပြပြီးသော့ကိုကိုးလက်ထဲထည့်ပေးလာတာကြောင့်သော့ကိုအမြန်ဖွင့်ပြီးအထဲဝင်လာလိုက်ကြသည်၊လူမနေလို့ဖုန်အနည်းငယ်တက်နေတဲ့တိုက်ခန်းလေးကတိတ်ဆိတ်နေလှသည်၊ဝေးဥဩနဲ့ကိုးကတစ်ယောက်ကိုတစ်ယောက်ရဲရဲမကြည့်ပဲခုံမှာဝင်ထိုင်ပြီးမျက်နှာလွှဲထားကြသည်။
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။