𝐏𝐚𝐫𝐭.8

1.7K 209 14
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

မနက်ခင်းဝေးဥဩတို့အိပ်ရာနိုးတော့မတင်မြလာပြောတဲ့စကားကြောင့်နှစ်ယောက်လုံးအလန့်တကြားဖြစ်သွားရလေသည်။

"ကိုကြီးအရိုက်ခံရတယ်!"

"ကျုပ်လည်းအဲ့လိုကြားခဲ့တာပဲဥဩလေးရဲ့ ဒေါ်ရွှေသီကြီးကတော့ဆေးရုံကိုလိုက်သွားပြီတဲ့ ဥဩလေးတို့ကိုလိုက်လာခဲ့ဖို့ပြောသွားသေးတယ်"

ဝေးဥဩတို့လည်းဆေးရုံကိုလိုက်သွားဖို့ပြင်ဆင်ရတော့သည်၊ကိုးကလည်းဒီနေ့အလုပ်မသွားတော့ပဲခွင့်ယူလိုက်မယ်လို့ပြောသည်၊ဝေးဥဩတို့ပြင်ဆင်ပြီးတာနဲ့ရေခဲသေတ္တာထဲကအသီးအနှံတစ်ချို့ကိုယူလိုက်ပြီးအိမ်ကိုသော့ခတ်ကာဆေးရုံကိုထွက်လာခဲ့လိုက်တော့သည်။

"ကိုကြီးကဘယ်လိုဖြစ်ပြီးအရိုက်ခံရတာလည်းမသိဘူးနော် ရန်သူတွေဘာတွေလည်းရှိတယ်မကြားမိပါဘူး"

"အမြင်မကြည်တဲ့သူတွေတော့ရှိမှာပေါ့ လေကြီးလေကျယ်တွေပြောတော့ကြည့်မရတဲ့လူတွေလေ"

"ဟော! ကိုးကလေ ကိုကြီးကိုဆိုဘယ်တော့မှအကောင်းမပြောဘူး"

အကောင်းပြောချင်စရာတော်တော်ကောင်းနေတာဆိုတော့၊

ထိုစကားကိုတော့ကိုးစိတ်ထဲ၌သာပြောလိုက်ရသည်၊ဝေးဥဩအကြောင်းသိနေသည်လေ၊တော်ကြာသူ့အစ်ကိုကိုပြောလို့ဆိုပြီးအထုတ်တွေဆွဲကာအိမ်ပေါ်ကဆင်းသွားမှကိုးတစ်ယောက်ပျာယာခတ်နေရအုံးမည်။

ဆေးရုံရောက်တော့အခန်းနံပါတ်မေးကာတက်လာခဲ့လိုက်သည်၊အခန်းရှေ့ရောက်တာနဲ့ဝေးဥဩတံခါးကိုတွန်းဖွင့်လိုက်သည်၊ဝင်ရန်ပြင်လိုက်ပေမဲ့ကုတင်ပေါ်ထိုင်နေတဲ့အေးချမ်းညီကိုလည်ပင်းညှစ်နေတဲ့အမေဖြစ်သူကြောင့်ဝေးဥဩမျက်လုံးတို့ပြူးကျယ်သွားရပြီးအမြန်ဆွဲထားလိုက်ရသည်၊အေးချမ်းညီကတော့ချောင်းရိုက်ခံရလို့ခေါင်းကွဲပြီးမသေပဲအမေဖြစ်သူလည်ပင်းညှစ်သတ်လို့သေနိုင်သည်။

"အမေ! ဘာလို့ကိုကြီးကိုလည်ပင်းညှစ်နေတာလည်း ဒုက္ခပါပဲ"

ခေါင်းကိုကုပ်ပြီးမဝံ့မရဲပြောလာတဲ့ဝေးဥဩကိုဒေါ်ရွှေသီကမျက်စောင်းထိုးပြီးမိမိရရနဲ့ခေါင်းကွဲလို့ပတ်တီးစီးထားရတဲ့အေးချမ်းညီရဲ့ခေါင်းကိုတစ်ချက်ခေါက်လိုက်သေးသည်၊

ကြာကြာဝါးမှခါးမှန်းသိWhere stories live. Discover now