Ս𝖓ⅈ𝐜օ𝒹𝖊
အဝတ်အစားလဲပြီးသွားတော့ဝေးဥဩကအခန်းထဲကနေစူပုတ်ပုတ်နဲ့ထွက်လာခဲ့လေသည်၊ပြီးမှဧည့်ခန်းဘက်ကဆိုဖာပေါ်မှာထိုင်ပြီးစကားပြောနေတဲ့ကိုးနဲ့အေးချမ်းညီကိုမြင်လိုက်တာမို့ထိုနေရာကိုလျှောက်သွားလိုက်သည်။
"ကိုကြီး!"
"ဝေး ဘယ်လိုလည်းအဆင်ပြေတယ်မလား နင်တို့စားဖို့အစားအသောက်တွေလာပို့တာ"
ဝေးဥဩခေါင်းငြိမ့်ပြပြီးအေးချမ်းညီလက်ထဲကအထုတ်တွေကိုလှမ်းယူလိုက်တော့ကိုးကဖြတ်ယူသွားသည်၊ဝေးဥဩက'ဘာလုပ်တာလည်း'ဆိုတဲ့ပုံစံနဲ့မေးငှော့ပြလိုက်တော့ကိုးကမချိုမချဉ်ပြုံးလာရင်း
"ပင်ပန်းတာတွေမလုပ်နဲ့ ကိုးပဲလုပ်လိုက်မယ်"
ဝေးဥဩကကိုးကိုမျက်စောင်းသာထိုးပြီးအကြည့်လွှဲသွားတာကြောင့်ကိုးလည်းခပ်ဟဟရယ်ရင်းအထုတ်တွေကိုမီးဖိုချောင်ဘက်ယူလာလိုက်သည်၊ဝေးဥဩမှာထွက်သွားတဲ့ကိုးရဲ့ကျောပြင်ကိုကြည့်ပြီးနှုတ်ခမ်းလေးများကော့တက်သွားရသည်။
ဒါတွေကိုအစအဆုံးမြင်နေရတဲ့အေးချမ်းညီကတော့စပ်ဖြဲဖြဲနဲ့ဝေးဥဩကိုလက်တို့ကာ
"အဆင်ပြေနေတဲ့ပုံပဲ"
"အဟမ်း ကိုကြီးကရောမပြန်သေးဘူးလား"
"တော်တော်ဟုတ်တယ်နော် အစားအသောက်တွေလာပို့ပေးတာကိုတော့ကျေးဇူးမတင်ပဲအတင်းနှင်လွှတ်နေတယ်"
ဝေးဥဩလည်းအောက်နှုတ်ခမ်းကိုဖိကိုက်ပြီးအေးချမ်းညီကိုဘာမှပြန်မပြောနိုင်ခဲ့ပေ၊ခဏကြာတော့အေးချမ်းညီကနှုတ်ဆက်ပြီးပြန်သွားတော့သည်၊အမေဖြစ်သူကအေးချမ်းညီကြာကြာပျောက်နေရင်သံသယဝင်လာမှာစိုးလို့ထင်သည်။
ဝေးဥဩလည်းအိမ်တံခါးလေးကိုလော့ချပြီးဒီဘက်ကိုပြန်လှည့်လိုက်တော့ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ကိုးကဝေးဥဩကိုယ်လေးကိုတံခါးနဲ့ဖိကပ်လာသည်၊ဝေးဥဩမှာကိုးရဲ့ရင်ဘက်ကိုလက်နဲ့တွန်းထားလိုက်ရင်း
"ဘာလုပ်တာလည်းကိုး"
"ဘာလုပ်လို့လည်း"
ဝေးဥဩမှာကိုးကိုပေစောင်းစောင်းကြည့်ရင်းဘေးကရှောင်ထွက်ရန်လုပ်တော့ကိုးကလွှတ်မပေးပဲခါးကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်လာလေသည်၊ဝေးဥဩကိုယ်လေးမှာဆတ်ကနဲတုန်သွားပြီးမျက်လုံးလေးတွေလည်းဝိုင်းစက်သွားရသည်၊ကိုးကဝေးဥဩရဲ့လည်တိုင်ကိုနှုတ်ခမ်းနဲ့ဖိကပ်နမ်းလာပြီးလေငွေ့တို့ကိုမှုတ်ထုတ်ပစ်သည်။
BINABASA MO ANG
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။