𝐏𝐚𝐫𝐭.10

1.5K 194 21
                                    

Ս𝖓ⅈ𝐜օ𝒹𝖊

ကိုးတစ်ယောက်အိမ်သာကြီးပဲဝင်နေတဲ့ညီမဖြစ်သူကိုထိုင်ကြည့်နေသည်မှာအတော်ကြာနေလေပြီဖြစ်သည်၊စကားကိုတောင်ကောင်းကောင်းမပြောနိုင်ပဲနုံးခွေ့နေတဲ့မြတ်နိုးသွင်ကဒူးတောင်မခိုင်ချင်တော့။

"‌နင်တစ်ခုခုများအစားမှားသွားတာလား နိုနိုး"

"အား မ မစားရပါဘူး အား ထွက်ချင်လာပြန်ပြီ"

အခုလေးမှအိမ်သာကဆင်းလာတဲ့မြတ်နိုးသွင်မှာ‌ဘယ်လောက်မှမကြာသေးပဲအိမ်သာထဲပြန်ဝင်သွားပြန်သည်၊ကိုးနဲ့ဝေးဥဩရဲ့အခြေအနေတော့မထူးမခြားနားသေးပေ၊တစ်ယောက်နဲ့တစ်ယောက်မခေါ်သေးပဲတရှောင်ရှောင်နဲ့သာ။

"အား ဘာဖြစ်နေတာလည်းဟာ ဘာလို့ဒီလောက်ဝမ်းတွေသွားနေတာလည်း"

အိမ်သာထဲကနေကုန်းကုန်းကွကွနဲ့ပြန်ထွက်လာတဲ့မြတ်နိုးသွင်ကိုကြည့်ပြီးကိုးကတော့ခေါင်းကိုသာခါရမ်းနေသည်၊

"နင်မတည့်တာတစ်ခုခုသွားစားလိုက်လို့နေမှာပေါ့ အစားအသောက်ဆိုရင်မီးဝင်းဝင်းတောက်နေတာ ဖြစ်တာတောင်နည်းသေးတယ်"

"အား! ဒီမှာသူများတစ်ကယ်ဝမ်းသွားနေပါတယ်ဆို မမကဘာဖြစ်နေတာလည်း ဘာမှမစားပါဘူးဆို အား အာ့ ထွက်ချင်လာပြန်ပြီ!"

"ဘွတ်!"

"ရား! မြန်မြန်သွားစမ်းပါ အနံ့အသက်တွေရတယ်"

မြတ်နိုးသွင်ကကိုးကိုရန်မတွေ့နိုင်ပဲအိမ်သာရှိရာဆီပြန်လျှောက်သွားနေသည်၊အကွယ်ကနေချောင်းကြည့်နေတဲ့ဝေးဥဩကတော့တိုးတိုးတိတ်တိတ်သဘောတကျရယ်နေလေသည်၊မှတ်ပြီလား ဝေးဥဩတို့ကိုအချဉ်မှတ်နေရင်သိပ်မှားသွားမှာပေါ့။

"အာ့ ဗိုက်တွေအရမ်းနာလို့သေတော့မှာပဲ"

အိမ်သာထဲကပြန်ထွက်လာတဲ့‌မြတ်နိုးသွင်ကမတ်တပ်တောင်မရပ်နိုင်တော့ပဲလေးဘက်ကုန်းပြီးပြန်ထွက်လာလေသည်၊ကိုးကတော့မြတ်နိုးသွင်ကိုကြည့်ပြီးမူမမှန်သလိုခံစားလာရတာအမှန်ပင်၊သို့သော်ဘာမှထူးထူးခြားခြားတွေးမနေတော့ပဲငြိမ်သက်နေလိုက်သည်၊ဘယ်သူ့လက်ချက်လည်းဆိုတာကိုးသိပ်ပြီးတွေးနေစရာမလိုပေ၊အမှန်ကိုထုတ်‌ဖော်ပြမိရင်လည်းကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမှာပင်၊

ကြာကြာဝါးမှခါးမှန်းသိWhere stories live. Discover now