Ս𝖓ⅈ𝐜օ𝒹𝖊
ဝေးဥဩမှာအရင်လိုမျိုးအင်္ကျီတွေကိုပင်မယူတော့ပဲအိမ်ထဲကနေပြေးထွက်သွားတာကြောင့်မတင်မြမှာလည်းတံခါးနားမှာရပ်ရင်းဘာလုပ်လို့လုပ်ရမှန်းမသိလိုက်ပေ၊ကိုးကလည်းထွက်သွားတဲ့ဝေးဥဩရဲ့ကျောပြင်ကိုနီရဲနေတဲ့မျက်ဝန်းတွေနဲ့လိုက်ကြည့်နေပေမဲ့ဆွဲထားဖို့စိတ်ကူးမရှိတဲ့ပုံ၊
ကိုးကိုပြောလည်းရမဲ့ပုံမပေါ်လို့နောက်မှပဲနားချရန်ဆုံးဖြတ်ပြီးမတင်မြလည်းမိမိအိမ်ကိုပြန်လာခဲ့လိုက်သည်၊
"တောက်!"
"ဒုန်း!"
ကိုးကခုံကိုဆွဲလှဲပစ်ပြီးဒေါသတို့ကိုပုံချပစ်သည်၊မျက်ဝန်းတို့မှာနီရဲပြီးမျက်ရည်တိုကအဆက်မပြတ်စီးကျနေသည်မှာမြင်ရက်စရာမရှိပေ။
"ခင်ဗျားကကျုပ်ကိုနည်းနည်းလေးမှမယုံခဲ့တာပဲဝေးဥဩရယ် ကျုပ်ကိုနည်းနည်းလေးမှအယုံအကြည်မရှိခဲ့တာပဲ ကျုပ်မှာတော့ဘယ်သူ့ကိုမှဂရုမစိုက်ပဲနေလို့ရရဲ့သားနဲ့ခင်ဗျားအားငယ်ဝမ်းနည်းမှာမို့ဖြေရှင်းပေးဖို့လုပ်နေခဲ့တာကိုခင်ဗျားကတော့ကျုပ်ရှင်းပြတာကိုပါလက်မခံဘူး ခင်ဗျားသိပ်ရက်စက်တယ်!"
ကိုးမှာကြမ်းပြင်ပေါ်ကိုစိတ်ပျက်လက်ပျက်ထိုင်ချပြီးမျက်နှာကိုလက်နဲ့ပွတ်ဆွဲလိုက်သည်၊ကိုးရင်တွေအစိမ်းလိုက်ကွဲကြေနေသလိုနာကျင်နေတယ်လို့ပြောရင်ရယ်စရာကောင်းနေမလား၊ကိုးကဝေးဥဩအပေါ်ကိုဘယ်လောက်အထိချစ်ခဲ့လည်းကိုးသာသိသည်လေ၊အမြဲလိုလိုတကျက်ကျက်နဲ့ရန်ဖြစ်နေပေမဲ့ရင်ထဲကတစ်ခုမှမပါဘူးဆိုတာကိုးကျိန်ပြောရဲသည်၊ဝေးဥဩမှဝေးဥဩဖြစ်နေတဲ့နှလုံးသားကြောင့်ကိုးကဘယ်လောက်အထိချစ်ပေးခဲ့လည်း၊ကိုးဘာမှမမျှော်လင့်မိခဲ့ပဲရှင်းပြတာလေးကိုတော့နားထောင်ပေးစေချင်ခဲ့တာပင်၊ဘယ်သူတွေဘယ်လိုပဲပြောပြီးမယုံကြည်ကြပါစေဝေးဥဩတစ်ယောက်ထဲယုံကြည်ရင်တောင်ဒီလူကပျော်နေမဲ့ဟာကိုအခုတော့ရှင်းပြခွင့်လေးတောင်မပေး။
ရဲရဲနီနေတဲ့မျက်ဝန်းတွေထဲကစီးကျလာတဲ့မျက်ရည်တွေကအတိုင်းအဆမရှိများလွန်းလို့ကိုးမျက်ရိုးတွေတောင်ကိုက်လာခဲ့သည်၊ထင်ရက်လိုက်တာလို့တွေးမိလိုက်တိုင်းကိုးရင်ဘတ်ထဲတင်းကျပ်လာပြီးဆို့နင့်လာတာကဘာကြောင့်လည်းဆိုတာအဖြေထုတ်စရာမလို၊ကိုးသေလောက်အောင်နာကျင်နေတာပင်၊ကိုယ့်အပေါ်ယုံကြည်မှုမရှိတဲ့ဝေးဥဩကြောင့်နာကျင်နေရတာ။
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။