Ս𝖓ⅈ𝐜օ𝒹𝖊
အေးချမ်းညီမှာစူပုတ်ပုတ်နဲ့သာအိမ်ထဲဝင်ထိုင်နေလိုက်သည်၊ကိုးကတော့အေးချမ်းညီကိုပြုံးပြသွားကာဝေးဥဩကိုခေါ်ပြီးအိပ်ခန်းထဲဝင်သွားလေသည်။
အေးချမ်းညီမှာခုံပေါ်ထိုင်နေရင်းခြေထောက်တွေကအငြိမ်မနေပဲတလှုပ်လှုပ်နဲ့သာ၊ထိုင်နေရင်းမျက်လုံးတွေကလည်းအခန်းအတွင်းလှည့်ပတ်ကြည့်နေသည်၊အေးချမ်းညီထိုင်နေတဲ့ဘေးမှာချထားသောသစ်သားခုံမှာအောက်ခြေပိုင်းတွင်အနည်းငယ်ခပ်မည်းမည်းဖြစ်နေလေ၏၊အေးချမ်းညီမျက်လုံးတို့ပင့်တက်သွားရလေသည်၊ခုံမှာလည်းအညစ်အကြေးတွေရှိနေတာပါလား။
"မင်းကိုငါ့မှမကူညီရင်ဒီအတိုင်းအညစ်အကြေးတွေနဲ့နေရတော့မှာပဲ မင်းသန့်ရှင်းသွားမှစော်လှလှလေးတွေကမင်းပေါ်လာထိုင်မှာမလား"
... ...
ဝေးဥဩတို့စကားတပြောပြောနဲ့အခန်းထဲကထွက်လာတော့နားထဲပြန့်လွင့်လာတဲ့အသံတစ်ခုကြောင့်နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်မိလိုက်ကြသည်၊အသံလာရာကိုအမြန်ပင်လှည့်ကြည့်လိုက်တော့ဖင်ထိုင်ခုံခြေထောက်ပိုင်းကိုဖြတ်နေတဲ့အေးချမ်းညီကိုမြင်လိုက်ရလေသည်။"ကိုကြီး!! အဲ့ဒါဘာလုပ်နေတာလည်း!"
"ဟမ် အညစ်အကြေးတွေရှိနေတဲ့အပိုင်းကိုဖြတ်ပစ်နေတာလေ"
"ဟာ! အဲ့ဒါကအလှလုပ်ထားတာလေ ဘယ်ကအညစ်အကြေးတွေရမှာလည်း စိတ်ညစ်ပါတယ်"
ကိုးကတော့ချောင်တာလိုလိုလွတ်တာလိုလိုနဲ့အေးချမ်းညီကိုမလှုပ်မယှက်သာစိုက်ကြည့်နေလေသည်၊ဝေးဥဩလည်းအစ်ကိုဖြစ်သူကိုခုံပေါ်ထိုင်ခိုင်းလိုက်ပြီးပျက်စီးသွားတဲ့ခုံလေးကိုနှမြောသလိုကြည့်လိုက်မိသည်၊ဒါကလည်းအစ်ကိုကြီးအပြစ်မဟုတ်ပါဘူးလေ၊ဉာဏ်ရည်မီအောင်မွေးမပေးတဲ့အမေ့အပြစ်တွေသာ။
စိတ်ထဲခပ်ချဉ်ချဉ်တွေးလိုက်ပြီးဝေးဥဩမီးဖိုချောင်ထဲဝင်လာလိုက်သည်၊ခဏကြာတော့အိမ်ထဲကိုကိုးရဲ့ညီမဝင်လာလေ၏၊ဝေးဥဩမှာလည်းအစ်ကိုတစ်ယောက်ရှိသလိုကိုးမှာလည်းညီမလေးတစ်ယောက်ရှိလေသည်၊ကိုးရဲ့ညီမလေးနာမည်ကတော့မြတ်နိုးသွင်ဟုခေါ်သည်၊အများစုကတော့နိုနိုးလို့သာခေါ်ကြပြီးအခုမှ၁၆နှစ်ကျော်ကျော်လေးသာရှိသေးသည်။
YOU ARE READING
ကြာကြာဝါးမှခါးမှန်းသိ
Romanceဟာသ။ အိမ်ထောင်သည်တွေဖြစ်လေ့ဖြစ်ထ ရှိတဲ့ရယ်စရာ၊ပျော်ရွှင်စရာတွေနဲ့အတူ စုံလင်သောစိတ်ခံစားချက်တွေကြားထဲ ရှင်သန်နေတဲ့သူတို့နှစ်ယောက်၊ နှစ်တွေကြာလာတာနဲ့ပြောင်းလဲလာတဲ့ ချစ်စရာစရိုက်လေးတွေကိုတွေ့မြင်ရမဲ့ ficတစ်ပုဒ်ဖြစ်ပါတယ်။